CDM ဆရာဝန်တွေကို အလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမြို့က သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို ထောင်ဒဏ် တသက်အထိချလို့ရတဲ့ အကြမ်းဖက်ပုဒ်မနဲ့စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။
သူရိယဆေးခန်းပိုင်ရှင်နဲ့မိသားစုဝင်အချို့ကို ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် မန္တလေးမြို့က သူရိယဆေးခန်းတွေကို ချိတ်ပိတ်ခဲ့ပါသေးတယ်။ နန်းတွင်းစစ်ကြောရေးမှာလည်း ဆေးခန်းပိုင်ရှင်ဒေါက်တာအောင်အောင်ထွန်းကိုတစ်လကျော်ကြာ စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
ဒီလိုစစ်ကြောနေစဉ် ဒေါက်တာအောင်အောင်ထွန်း သေဆုံးသွားတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပါသေးတယ်။
နောက်ဆုံးသိရတဲ့အခြေအနေအရတော့ ဒေါက်တာအောင်အောင်ထွန်းဟာ အိုးဘိုထောင်ကိုရောက်ရှိနေပြီး အကြမ်းဖက်ပုဒ်မ ၅၀ (ည)နဲ့စစ်ကောင်စီက တရားစွဲဆိုထားတယ်ဆိုတာကိုသိရပါတယ်။
