Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက သူရိယဆေးခန်းပိုင်ရှင် ကို ထောင်တသက်ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မနဲ့စစ်ကောင်စီတရားစွဲ

သူရိယဆေးခန်းပိုင်ရှင်နဲ့မိသားစုဝင်အချို့ကို ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တာပါ။

မန္တလေး သူရိယဆေးခန်း
မန္တလေး သူရိယဆေးခန်း

CDM ဆရာဝန်တွေကို အလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမြို့က သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို ထောင်ဒဏ် တသက်အထိချလို့ရတဲ့ အကြမ်းဖက်ပုဒ်မနဲ့စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။

သူရိယဆေးခန်းပိုင်ရှင်နဲ့မိသားစုဝင်အချို့ကို ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် မန္တလေးမြို့က သူရိယဆေးခန်းတွေကို ချိတ်ပိတ်ခဲ့ပါသေးတယ်။ နန်းတွင်းစစ်ကြောရေးမှာလည်း ဆေးခန်းပိုင်ရှင်ဒေါက်တာအောင်အောင်ထွန်းကိုတစ်လကျော်ကြာ စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဒီလိုစစ်ကြောနေစဉ် ဒေါက်တာအောင်အောင်ထွန်း သေဆုံးသွားတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးသိရတဲ့အခြေအနေအရတော့ ဒေါက်တာအောင်အောင်ထွန်းဟာ အိုးဘိုထောင်ကိုရောက်ရှိနေပြီး အကြမ်းဖက်ပုဒ်မ ၅၀ (ည)နဲ့စစ်ကောင်စီက တရားစွဲဆိုထားတယ်ဆိုတာကိုသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook