Connect with us

Hi, what are you looking for?

သတင်း

ထူးကြီးမြို့ စစ်ဆင်​ရေးတစ်ခုတွင် ပြည်သူ့ကာကွယ်​ရေးရဲ​ဘော်နှစ်ဦး ကျဆုံး

စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေး အား နည်းသည်ဟု ဝေဖန်ခံနေရသော ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ခပ်စိပ်စိပ်လှုပ်ရှားလာနေသည်။

People's Spring
People's Spring

ဧရာဝတီတိုင်း၊ ထူးကြီးမြို့တွင် စစ်​ကောင်စီတပ်သတင်းပေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းပြီး​နောက် ပြန်ဆုတ်ခွာလာသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးသည် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်၍ ကျဆုံးခဲ့ရသည်။

ထူးကြီးမြို့ အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော စွန်ရဲနီအဖွဲ့မှ တပ်ဖွဲ့ဝင်ရဲ​ဘော်နှစ်ဦးက သွားရောက်ရှင်းလင်းပြီးအပြန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က နောက်မှလိုက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“လူငယ်နှစ်ယောက် စစ်​ကောင်စီတပ်သား​တွေ လိုက်ပစ်လို့ ကျဆုံးသွားတယ်။ အဓိကက လက်နက်မရှိလို့ပဲ။ ပြန်ပစ်စရာသေနတ်မရှိတဲ့အခါ တန်ဖိုးရှ်ိတဲ့အသက်နှစ်ချောင်းဆုံးရှုံးလိုက်ရတယ်”ဟု ထူးကြီးမြို့မှ ပြည်သူကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကျဆုံးသူ လူငယ်နှစ်ဦးမှာ စွန်ရဲနီပြည်သူ့ကာကွယ်ရေးအဖွဲ့၊အောင်ဆန်းတပ်ရင်းမှ ဗိုလ်ဇီးရိုးနှင့် ကိုနေဝင်းတို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

အင်အားမမျှ၍ ယခုကဲ့သို့ ကျဆုံးခဲ့ရခြင်းအတွက် ဝမ်းနည်းရကြောင်း စွန်ရဲနီပြည်သူ့ကာကွယ်ရေးအဖွဲ့၏ မဟာမိတ်ဖြစ်သော ဧရာနဂါးညီနောင်အဖွဲ့က သဝဏ်လွှာထုတ်ပြန်ထားသည်။

စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေး အား နည်းသည်ဟု ဝေဖန်ခံနေရသော ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ခပ်စိပ်စိပ်လှုပ်ရှားလာနေသည်။

ဇွန်လ၂ရက်ကလည်း ထူးကြီးမြို့အနီး ကွင်းကောက်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင်အဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယင်းကာလတွင်ပင် အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြိုလှဲခဲ့သည်။

ထို့အပြင် မေလကုန်ခန့်ကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့က တိုက်ခိုက်ခဲ့သည်။

ဧရာဝတီတိုင်းမှ လူငယ်အများအပြားသည် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များထံတွင်စစ် သင်တန်းတက်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တွင် PDFအနေဖြင့် တာဝန်ထမ်းဆောင်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook