Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်မှာ အခြေစိုက်ပြီး ဖုန်းဆက် ငွေလိမ်ဖို့ သင်တန်းပေးတဲ့ နေရာကို ထိုင်းရဲတပ်ဖွဲ့ စီးနင်း

ရဲတွေက အဆောက်အအုံ ဒုတိယထပ်က ကွန်ပျူတာတွေရှေ့မှာ အလုပ်လုပ်နေတဲ့ တရုတ် နိုင်ငံသား ၂ ဦးနဲ့ ထိုင်းအမျိုးသမီး ၅ ဦးတို့ကို ဖမ်းဆီးလိုက်ပါတယ်။ ပြီးတော့ ကွန်ပျူတာ ၁၀ လုံးလောက်ကိုလည်း ရှာဖွေစစ်ဆေးဖို့ သိမ်းဆည်းလိုက်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့
ထိုင်းရဲတပ်ဖွဲ့

မြန်မာနိုင်ငံဖက်ခြမ်းမှာ အခြေစိုက်ပြီး ဖုန်းခေါ်ဆိုမှုတွေကနေတဆင့် ငွေလိမ်လည်ဖို့ သင်တန်းပေးနေတယ်ဆိုတဲ့ နေရာတစ်ခုကို ထိုင်းနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။

ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ၂၀ လောက်ဟာ ချင်းမိုင်ခရိုင် တရားရုံးက ဝရမ်းယူလာပြီး အခုသီတင်းပတ်ထဲမှာ ဆန်ဆိုင်းရပ်ကွက်ထဲက ၃ ထပ် အဆောက်အအုံ တစ်ခုကို ပိတ်ဆို့ ရှာဖွေခဲ့ကြတာပါ။

အဲဒီ အဆောက်အအုံကို တရုတ်နိုင်ငံသား တစ်ဦးထဲက ငှားရမ်းထားတာဖြစ်ပြီး ဖုန်းဖြေဆိုတဲ့ ကောလ်စင်တာ တစ်ခုလို လိမ်လည် ငွေတောင်းခံတတ်အောင် သင်ကြားပေးနေတဲ့ နေရာတစ်ခုလို့ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ရဲမှူးကြီး ဗီရာချောင် ဘွန်သာဝီက ပြောပါတယ်။

ရဲတွေက အဆောက်အအုံ ဒုတိယထပ်က ကွန်ပျူတာတွေရှေ့မှာ အလုပ်လုပ်နေတဲ့ တရုတ် နိုင်ငံသား ၂ ဦးနဲ့ ထိုင်းအမျိုးသမီး ၅ ဦးတို့ကို ဖမ်းဆီးလိုက်ပါတယ်။ ပြီးတော့ ကွန်ပျူတာ ၁၀ လုံးလောက်ကိုလည်း ရှာဖွေစစ်ဆေးဖို့ သိမ်းဆည်းလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အဖွဲ့ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာဖက်ခြမ်းမှာ လစာကောင်းတဲ့ အလုပ်တွေ ရှာဖွေပေးနေတဲ့ အေဂျင်စီ ပုံစံမျိုး ဟန်ဆောင်ထားတာလို့ ဆိုပါတယ်။ လျှောက်လွှာ လာတင်တဲ့ သူတွေကိုလည်း နယ်စပ်ကို ဘေးကင်းကင်း ဖြတ်သန်းနိုင်အောင် ကူညီပေးမယ်လို့ စည်းရုံးလေ့ ရှိပါတယ်။

ရဲစုံထောက်တွေရဲ့ အဆိုအရ ခေါင်းဆောင် တရုတ်အမျိုးသားဟာ ထိုင်းက အမျိုးသမီးတွေကို ငှားရမ်းပြီး အလုပ်အတွက် သင်တန်းပေးဖို့ ဆိုတာမျိုး ကြော်ငြာတွေ လအတန်ကြာအောင် ဖြန့်ဝေစေခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် လျှောက်လွှာ လာတင်သူတွေထဲက ရွေးချယ်ခံရသူတွေကို အဲဒီ အဆောက်အအုံမှာပဲ ဖွင့်လှစ်ထားတဲ့ ဖုန်းဆက် လိမ်လည်နည်း သင်တန်းတွေ တက်ရောက်စေခဲ့ပါတယ်။

ပြီးရင် မြန်မာဖက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ ကောလ်စင်တာတွေဆီ သွားရောက်စေပြီး ထိုင်းနဲ့ တရုတ် နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်စေလေ့ ရှိတယ်လို့ သိရပါတယ်။ ပိပိရိရိ လိမ်လည်တတ်အောင် လေ့ကျင့် သင်ကြားပေးထားတဲ့ သင်တန်းသားတွေဟာ ဖုန်းလက်ခံ ပြောဆိုသူတွေ အနေနဲ့ သူတို့ဆီ ငွေလွှဲပေးအောင် အားထုတ်လေ့ ရှိကြပါတယ်။

အဲဒီလို ငွေကြေးလိမ်လည်မှု ခံရတဲ့ တိုင်ကြားချက်တွေ တော်တော်များများကို လက်ခံရရှိထားတဲ့နောက် ဒီအမှုကို သေချာ စုံစမ်းခဲ့ကြောင်း ဗီရာချောင်က ဆိုပါတယ်။ ဖုန်းကနေ လိမ်လည်မှု ကျူးလွန်တာတွေကြောင့် ထိခိုက်နစ်နာမှု အများအပြား ရှိနေပြီး ရဲတပ်ဖွဲ့ အနေနဲ့ ဒီရာဇဝတ်မှုတွေကို ဖြိုခွင်းဖို့ အကြီးစား စစ်ဆင်ရေးတွေ အစီအစဉ် ရေးဆွဲနေကြောင်းလည်း သူက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။