Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေကျောင်း (၂၀)ကျော် ဖွင့်လှစ်သင်ကြားသွားမယ်လို့ဆို

ကေအဲန်ယူထိန်းချုပ်နယ်မြေ-ဒူးသထူ(သထုံ)ခရိုင် ဖားအံမြို့နယ်အတွင်းမှာ ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန(KECD)က ဦးစီးပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကော်သူးလေကျောင်း (၂၀)ကျော် ဖွင့်လှစ်သင်ကြားသွားမယ်လို့သိရပါတယ်။

ကော်သူးလေကျောင်း
ကော်သူးလေကျောင်း

ဖားအံမြို့နယ်အတွင်း ကော်သူးလေကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်ဖို့အတွက် ကေအဲန်ယူ-ဖားအံမြို့နယ်ရဲ့ အရပ်ဘက်စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ၊ ပညာရေးနဲ့ယဥ်ကျေးမှုဌာန ခေါင်းဆောင်တွေ၊ ကျောင်းဆရာဆရာမတွေ၊ ရပ်ရွာလူကြီးတွေ၊ မိဘဆရာ အသင်းအဖွဲ့ဝင်တွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ဇွန်လ (၁၁) ရက်က ဟတ္တလိုက်ကျေးနယ်အုပ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တာလို့ ဒူးသထူခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကော်သူးလေကျောင်း
ကော်သူးလေကျောင်း

ဆွေးနွေးချက်တွေအရ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း ကော်သူးလေစာသင်ကျောင်းတွေကို လာမယ့်ဇွန်လ (၁၅) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း (KECD) ကော်သူးလေအထက်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်းအပါအဝင် ကျောင်းစုစုပေါင်း (၂၄)ကျောင်း ဖွင့်လှစ်သင်ကြားသွားမှာဖြစ်တယ်လို့ မြို့နယ်သတင်းနဲ့ပြန်ကြားရေးဌာနခွဲထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဥ်ကို အတည်ပြုပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီ(KCC)နဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ(KGC) ကို ဖွဲ့စည်းပြီးစီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းနဲ့ တက္ကသိုလ် စုစုပေါင်း ၁၇၀ ကျော်လောက် စစ်ရေးအရ တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့တယ်လို့ အစီရင်ခံစာ တစ်ရပ်က ဖော်ပြခဲ့ပါတယ်။