Connect with us

Hi, what are you looking for?

သတင်း

“ကော်သူးလေ”ထူထောင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဓါတ်ပုံ-KNU

ဇွန်-၁၄၊၂၀၂၆။ထားမြတ်/People’s Spring

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဇွန်၁၄ရက်မှာ ကျရောက်တဲ့ကော်သူးလေနေ့ ၇၇ နှစ်မြောက် မိန့်ခွန်းမှာ ဥက္ကဋ္ဌက အခုလို တိုက်တွန်းခဲ့တာပါ။ဒီကနေ့ဟာကရင်အမျိုးသားများ “ကော်သူးလေအစိုးရ” ဖွဲ့စည်းခဲ့တာနဲ့ “ကော်သူးလေနေ့” ဖြစ်ပေါ်လာခဲ့တာ ၇၇ နှစ်မြောက် ပြည့်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်လူမျိုးတွေ အနေနဲ့ ကိုယ့်နယ်မြေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ရေး လည်ပတ်ကာကရင်လူမျိုးများနဲ့ ဒေသခံပြည်သူလူထုများရဲ့ လိုအပ်ချက် နဲ့ အကျိုးကို သယ်ပိုး ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်လို့ ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ကရင်လူမျိုးများသာမကလူမျိုးများအားလုံး ကြီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးတို့ကို ခေတ်ကာလ နဲ့ အညီ တိုးတက် ပြောင်းလဲ နေတဲ့ နိုင်ငံရေးအခြေအနေများ အောက်မှာအုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး တို့ကိုနားလည်သဘောပေါက်တတ်ကျွမ်းရေးလေ့လာသင်ယူရမယ်လို့လည်း အသိပေးပါတယ်။

ကရင့်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုဟာ ကရင်လူမျိုးတို့ရဲ့ ရည်မှန်းချက်နဲ့ အိပ်မက် ဖြစ်တဲ့ “ကော်သူးလေ ကရင်ပြည်” ထူထောင်ခြင်းဖြစ်တဲ့အတွက် ကရင်လူမျိုးအားလုံးရဲ့ စိတ်နှလုံးတွင် “ကော်သူးလေ” ဆိုတဲ့ စကားလုံး အစဉ်စွဲမြဲစွာ ကိန်း၀ပ်ရှိနေကြတယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

“ကော်သူးလေ”ကရင်ပြည်ကိုတည်ထောင်ခြင်းဟာလိုအင်ဆန္ဒတစ်ခုတည်းဖြင့်သာ တည်ဆောက်လို့ မရတဲ့ အတွေ့အကြုံများလည်း ရှိခဲ့ပြီဖြစ်ပြီး ဖြစ်ပေါ်တိုးတက်လာတဲ့ နိုင်ငံရေး အခြေအနေ၊ မိမိလူမျိုးရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့လက်တွေ့ကျတဲ့တည်ဆောက်မှု ရှိဖို့လိုအပ်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောပါတယ်။

လက်ရှိမှာ KNU အနေနဲ့ “ကော်သူးလေ ကရင်ပြည်” ရရှိရေးအတွက် တောင်းယူခြင်းမဟုတ်တဲ့ အောက်ခြေပြည်သူလူထုမှ မိမိတို့ကော်သူးလေနယ်မြေကိုမိမိတို့ကိုယ်တိုင် သတ်မှတ်ခြင်း၊ မိမိတို့ ကော်သူးလေအုပ်ချုပ်ရေးကို မိမိတို့ကိုယ်တိုင် လက်ခံခြင်း၊ မိမိတို့ ကော်သူးလေ အစိုးရ ကို မိမိတို့ကိုယ်တိုင်အသိအမှတ်ပြုခြင်းဆိုတဲ့အောက်ခြေမှ အသိအမှတ်ပြုတဲ့ ခိုင်မာ အားကောင်းသော တည်ဆောက်မှုနဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေကြတယ်လို့ အသိပေးပါတယ်။

KNU အနေနဲ့ တော်လှန်ရေးကာလကော်သူးလေပဋိညာဥ်ကို အတည်ပြုပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီ(KCC)နဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ(KGC) ကို ဖွဲ့စည်းပြီးစီးကြောင်း အခုနှစ် ဧပြီလအတွင်းမှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၆ မတ်လ ၃၁မှ ဧပြီ ၂ရက်ထိ ကော်သူးလေတွင် ကျင်းပခဲ့သော ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာတိုင်ပင်ဆွေးနွေးပွဲမှာ ကာလ (၂) နှစ်ကျော် ကြာမျှအချိန်ယူရေးဆွဲပြင်ဆင်လာခဲ့တဲ့ တော်လှန်ရေးကာလကော်သူးလေပဋိညာဉ်မူကြမ်းကို ဆွေးနွေးအတည်ပြုပြီး KCCနဲ့ KGC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

ကော်သူးလေအတိုင်ပင်ခံကောင်စီ (KCC) ရဲ့ တာဝန်မှာကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ပုံဖော်ရေးတွင် သက်ဆိုင်ရာဒေသန္တရမှကိုယ်စားပြုမှုများ ပိုမိုအားကောင်း လာစေဖို့၊ လိုအပ်သောအကြံပြုမှုများ၊ နည်းပညာပံ့ပိုးမှုများ ရရှိရေး လမ်းညွှန်ဆောင်ရွက်ပေးဖို့ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ကော်သူးလေအုပ်ချုပ်ရေးကောင်စီ (KGC) ရဲ့ တာဝန်မှာ လက်ရှိ KNU ရဲ့ အုပ်ချုပ်ရေးဌာန (၁၂) ခုအနက်မှ ဌာန (၇)ခု ဖြင့်အစပြုပြီး ၎င်းဌာနများကို ပိုမိုကျယ်ပြန့်သောပါဝင်မှု၊ စွမ်းဆောင်ရည်များပိုမိုအားကောင်းလာသော ဌာနများဖြစ်လာရေးအတွက်ကောင်းမွန်သော အုပ်ချုပ်ရေး စံနှုန်း များနဲ့အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

ဒ့ါအပြင်အမျိုးသမီး၊လူငယ်၊ ကလေးသူငယ်ရေးရာဌာနကို KGC ရဲ့(၈) ခုမြောက် ဌာန အဖြစ်အသစ်တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြပါတယ်။

“တော်လှန်ရေး ကာလ ကော်သူးလေ အတိုင်ပင်ခံကောင်စီ”နဲ့ “တော်လှန်ရေး ကာလ ကော်သူးလေ အုပ်ချုပ်ရေး ကောင်စီ” ကို ဖွဲ့စည်းခဲ့တာဟာ ကောင်းမွန်သောခေါင်းဆောင်မှု၊ ပြည်သူ့ ရေးရာစီမံအုပ်ချုပ်မှု၊ လူထုလိုအပ်ချက် ဖြည့်ဆည်းမှု၊ လူထုလုံခြုံရေး၊ စီးပွားရေး နှင့် အခြားသောရေးရာများကို ဖြည့်ဆည်းပေးနိုင်မှုတို့ အပေါ် အခြေခံပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှု နဲ့ ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ် ခွင့်ရှိသော “ကော်သူးလေ”ဆိုတဲ့ အသိအမှတ် ပြုခြင်းကို တည်ဆောက် သွားဖို့ ဖြစ်တယ်လို့KNUဥက္ကဋ္ဌကပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။