Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင်ရွာများကိုမီးလိုက်ရှို့​သောစစ်​ကောင်စီတပ်အားPDFများလိုက်လံတိုက်ခိုက်ရာ​သေဆုံးဒဏ်ရာရသူများပြား

ကန့်ဘလူမြို့နယ်တွင် ရက်ပိုင်းအတွင်းရွာခုနှစ်ရွာမှအိမ်ခြေငါးရာခန့်ကိုစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်အဆိုပါစစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် လက်စားချေသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြောခဲ့ပြီး ​နောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူခရိုင် ပြည်သူ့ကုကွယ်​ရေးတပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KBLBG2
ကန့်ဘလူခရိုင် ပြည်သူ့ကုကွယ်​ရေးတပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KBLBG2

ကန့်ဘလူမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်အရာရှိအချို့အပါအဝင် ၆၀ဦးခန့်အထိ့သေဆုံးနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ကန့်ဘလူမြို့နယ်ကိုးတောင်ဘို့တိုက်နယ်အတွင်းရွာများကိုလိုက်လံမီးရှို့ပြီး အင်ဂုံရွာဘက်သို့ ထွက်ခွာသွားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကဝိုင်းပတ်ပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နှစ်ပွင့်ကောင်နှစ်ကောင် ဒဏ်ရာရတယ်။ ခြေထောက်ပါ ပြတ်သွားတယ်လို့ကြားတယ်။ သုံးပွင့်ကောင်ကတော့သေတယ်။ အကိုတို့( ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ) အဲ့ဒီလို လိုက်ဖြုတ်ခဲ့တာ”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

ကိုး​တောင်ဘို့​ရွာတိုက်ပွဲမှ ရရှိသည့် အကြမ်းဖက်စစ်​ကောင်စီတပ်သား၏စကခ(၁၀)လက်​မောင်းတံဆိပ်ပါ စစ်အင်္ကျီ ။ဓါတ်ပုံ-InfinityGroup
ကိုး​တောင်ဘို့​ရွာတိုက်ပွဲမှ ရရှိသည့် အကြမ်းဖက်စစ်​ကောင်စီတပ်သား၏စကခ(၁၀)လက်​မောင်းတံဆိပ်ပါ စစ်အင်္ကျီ ။ဓါတ်ပုံ-InfinityGroup

ကန့်ဘလူမြို့နယ်တွင် ရက်ပိုင်းအတွင်းရွာခုနှစ်ရွာမှအိမ်ခြေငါးရာခန့်ကိုစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်အဆိုပါစစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် လက်စားချေသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြောခဲ့ပြီး ​နောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရွာများကို လိုက်လံမီးရှို့ခဲ့​သောစစ်​ကြောင်းမှာအ​နောက်မြောက်တိုင်းစစ်ဌာနချုပ်အမှတ်(၁၀)စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်–စကခ(၁၀)လက်​အောက်ခံတပ်ရင်း​များဖြစ်​သော ​မော်လိုက်အ​ခြေစိုက် ခမရ ၃၆၅ ၊ ဟုမ္မလင်းအ​ခြေစိုက် ခမရ ၃၆၇ နှင့် ပျူစောထီး ပူး​ပေါင်းအဖွဲ့များဖြစ်​ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်ကို အင်အား ၁၂၀ခန့်ဖြင့် ဇွန် ၂ရက်မှစကာစစ်ကြောင်းထိုးခဲ့ကာ ရွာများကို လိုက်လံမီးရှို့ပြီး ပြန်ထွက်ခွာရာလမ်းတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက သုံးရက်ဆက်လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ဇွန် ၁၃ရက်တွင် ချပ်သင်းနယ်သို့ ဝင်ရောက်သွား​ရောက်​သော အင်အား ၁၂၀ ခန့်ရှိ​သော စစ်​​ကောင်စီစစ်​ကြောင်းမှာအင်အား ၆၀ ခန့်သာ ကျန်တော့ကြောင်းအထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်ကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)၊ ကိုး​တောင်ဘို့ပြည်သူ့ကာကွယ်​ရေးတပ်၊လင်းယုန်နီကန့်ဘလူ၊ကျွန်းလှမြို့နယ်ပြည်သူကာကွယ်ရေးတပ်၊ဒေသခံ ပ.က.ဖ များ၊မဟာမိတ်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မိုင်းများ​ကြောင့်စစ်​ကောင်စီတပ်အထိ့နာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရ စစ်​ကောင်စီတပ်မှ ဗိုလ်နှင့် ​သေဆုံးသွား​သော ဗိုလ်ကြီးရုပ်အ​လောင်းကို ဇွန်လ ၁၂ ရက်​နေလည်တွင် MI-17 ​ထောက်ပို့ ရဟတ်ယာဥ်ဖြင့် လာ​ရောက်သယ်​ဆောင်သွား​ကြောင်းလည်း​ဒေသတွင်းစစ်​ရေးသတင်းများ​ဖော်ပြ​ပေး​နေသာ Infinity Group က​ဖော်ပြသည်။ ​အောက်​ခြေအဆင့်ဒဏ်ရာရ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်နှင့်ရိက္ခာလာပို့​သောကားများဖြင့် ပြန်တင်​ပေးလိုက်​ကြောင်းလည်းအသိ​ပေးထားသည်။

ဇွန် ၉.ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုများပြားခဲ့ပြီးကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေတပ်ရင်း ၂ မှ PDF နှစ်ဦးကျဆုံးခဲ့သည်။

စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ​ကြောင့် ကိုးတောင်ဘို့၊ချပ်သင်း၊ချပ်ကြီး၊ပင့်သာဒေသရှိ ကျေးရွာပေါင်း၂၀ကျော်မှဒေသခံ နှစ်သောင်းကျော်လည်းစစ်ဘေးသင့်နေပြီးဆေးဝါး၊စားနပ်ရိက္ခာအကူအညီများနှင့်အ​ရေး​ပေါ်အကူအညီများလိုအပ်​နေ​ကြောင်း ကန်ဘလူခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ရင်း ၂ ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook