Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် စက်​လှေဖြင့်လာ​သော စစ်​ကောင်စီတပ်သားများကို ပျူ​အဖွဲ့က မှားယွင်းပစ်ခတ်ရာ နှစ်ဦး​သေ

ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက်အောက်ခံ ခလရ(၄၂)တပ်ရင်းသို့မေလနောက်ဆုံးပတ်ကစ၍စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

ရွှေဘိုမြို့နယ်
ရွှေဘိုမြို့နယ်

ရွှေဘိုမြို့နယ်၊ မခေါက်​ကျေးရွာတွင် စက်လှေဖြင့်လာ သည့် စစ်ကောင်စီတပ်ကို ပျူစောထီးများက မှားယွင်းပစ်ခတ်မိရာမှ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၁၅ ရက်)နေ့လည် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် အထက်ပါဖြစ်စဥ်အရ စဥ့်ကူးမြို့နယ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကို မခေါက်ရွာပျူစောထီးများက ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“မခေါက်ရွာမြောက်ဘက်မှာ ဖြစ်တာ။လတ်တလော အတိအကျသိရတာက မော်တော်မှာက စစ်ကောင်စီတပ်သားက ၂၀ ​ကျော်လောက်ပါတယ်။နှစ်ဦးသေပြီတော့ တစ်ဦးဒဏ်ရာပြင်းတယ်”ဟု နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စနေက People’s Springသို့ ပြောသည်။

Public Service Announcement

အဆိုပါ မှားယွင်းပစ်ခတ်မှုကို ပျူစောထီးများက PDF များစောင့်တိုက်ခြင်းဟု မှားယွင်းသတင်းထုတ်လွှင့်နေကြောင်းလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက်အောက်ခံ ခလရ(၄၂)တပ်ရင်းသို့မေလနောက်ဆုံးပတ်ကစ၍စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ခန့်မှန်းအရဆို အင်အား ၇၀၀ ဝန်းကျင်ရှိနိုင်တယ်”ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့်လည်း ရွှေဘိုမြို့အပါ အဝင် ယင်းဒေသနှင့်ဆက်စပ်သည့် လမ်းပိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားလာခွင့်ယာယီပိတ်ပင်
သည့် သတိပေးချက်များ မကြာခဏထုတ်ပြန်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။