Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် စက်​လှေဖြင့်လာ​သော စစ်​ကောင်စီတပ်သားများကို ပျူ​အဖွဲ့က မှားယွင်းပစ်ခတ်ရာ နှစ်ဦး​သေ

ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက်အောက်ခံ ခလရ(၄၂)တပ်ရင်းသို့မေလနောက်ဆုံးပတ်ကစ၍စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

ရွှေဘိုမြို့နယ်
ရွှေဘိုမြို့နယ်

ရွှေဘိုမြို့နယ်၊ မခေါက်​ကျေးရွာတွင် စက်လှေဖြင့်လာ သည့် စစ်ကောင်စီတပ်ကို ပျူစောထီးများက မှားယွင်းပစ်ခတ်မိရာမှ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၁၅ ရက်)နေ့လည် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် အထက်ပါဖြစ်စဥ်အရ စဥ့်ကူးမြို့နယ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကို မခေါက်ရွာပျူစောထီးများက ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“မခေါက်ရွာမြောက်ဘက်မှာ ဖြစ်တာ။လတ်တလော အတိအကျသိရတာက မော်တော်မှာက စစ်ကောင်စီတပ်သားက ၂၀ ​ကျော်လောက်ပါတယ်။နှစ်ဦးသေပြီတော့ တစ်ဦးဒဏ်ရာပြင်းတယ်”ဟု နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စနေက People’s Springသို့ ပြောသည်။

Public Service Announcement

အဆိုပါ မှားယွင်းပစ်ခတ်မှုကို ပျူစောထီးများက PDF များစောင့်တိုက်ခြင်းဟု မှားယွင်းသတင်းထုတ်လွှင့်နေကြောင်းလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက်အောက်ခံ ခလရ(၄၂)တပ်ရင်းသို့မေလနောက်ဆုံးပတ်ကစ၍စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ခန့်မှန်းအရဆို အင်အား ၇၀၀ ဝန်းကျင်ရှိနိုင်တယ်”ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့်လည်း ရွှေဘိုမြို့အပါ အဝင် ယင်းဒေသနှင့်ဆက်စပ်သည့် လမ်းပိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားလာခွင့်ယာယီပိတ်ပင်
သည့် သတိပေးချက်များ မကြာခဏထုတ်ပြန်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။