Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ တစ်ရက်ထဲ သုံးကြိမ်တိုက်ခိုက်ခံရ၊ ပျူခြောက်ဦးသေ

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုက်တိုင် ပျူစောထီးအဖွဲ့ကို တစ်ရက်ထဲ သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်သည်။

(​ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့​သော ပစ္စည်းများနှင့် စစ်​ကောင်စီတပ်/ပျူများ မိုင်းထိ့မှန်ပြီးကျန်ခဲ့​သောသဲလွန်စများ။ ။ဓါတ်ပုံ-CHUPDF)
(​ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့​သော ပစ္စည်းများနှင့် စစ်​ကောင်စီတပ်/ပျူများ မိုင်းထိ့မှန်ပြီးကျန်ခဲ့​သောသဲလွန်စများ။ ။ဓါတ်ပုံ-CHUPDF)

●စစ်​တပ်နှင့်ပျူများထံမှ ခဲယမ်းများ၊စစ်ဖက်အသုံးအ​ဆောင်များသိမ်းဆည်းရမိ

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုက်တိုင် ပျူစောထီးအဖွဲ့ကို တစ်ရက်ထဲ သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်သည်။

တောကျောင်းလေးကျေးရွာအားမီးရှို့ဖျက်ဆီးသည့်အပြင် ပြည်သူလေးဦးကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်းအပေါ် တုန့်ပြန်တိုက်ခိုက်ခြင်းအဖြစ်ယမန်နေ့(ဇွန် ၁၄ ရက်)ကအမြင့်-ချောင်းဦးလမ်းပိုင်းတွင် နှစ်ကြိမ်နှင့် ချောင်းဦးမြို့တွင်းတွင်တစ်ကြိမ် စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများကိုတိုက် ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်ခြောက်ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုအား မသိရသေးကြောင်းဖော်ပြသည်။

သို့​သော်တိုက်ခိုက်မှု သုံးကြိမ်စလုံးတွင် စစ်​ကောင်စီတပ်ယူနီ​ဖောင်းအပါအဝင် ခဲယမ်းများအသုံးအ​ဆောင်ပစ္စည်းများသိမ်းဆည်းရရှိသည်ကို သတင်းဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြသည်။

ချောင်းဦး-အမြင့်လမ်းပိုင်း တိုက်ခိုက်မှုနှစ်ကြိမ်တွင် ပထမအကြိမ်တွင် ချောင်းဦး PDF တပ် ခွဲ(၃)မှ သတ်ကွင်းလေးနေရာတွင် မိုင်းငါးလုံးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်တိုက်ခိုက်မှုကို တပ်ခွဲ(၁)နှင့် (၃)တို့မှ သတ်ကွင်းငါးနေရာတွင် မိုင်းငါးလုံးဖြင့်လည်းကောင်း အသီးသီးတိုက် ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ချောင်းဦးမြို့တွင်းတစ်နေရာ၌တိုက် ခိုက်မှုကို ချောင်းဦး PDF တပ်ခွဲ (၃)မှ သတ်ကွင်းနှစ်နေရာတွင် မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

တိုက်ခိုက်မှုအားလုံးတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် ချောင်းဦး PDF မှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကျည်မျိုးစုံရာကျော်နှင့် အသုံးအဆောင်ပစ္စည်းများ၊ ပုဇင်းခေါင်းထော်လာဂျီနှစ်စီး၊ ငွေငါးသိန်းကျော် စသည်တို့ကို သိမ်းဆည်းရမိကြောင်း အသိပေးထားသည်။

အထက်ပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ သိမ်းဆည်းရမိသောပစ္စည်းများမှာ

– ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်မောင်းတံဆိပ်ပါ ဗိုလ်ကြီးအဆင့် စစ်​ကောင်စီတပ်ဝတ်စုံ (၁) စုံ
– အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်မောင်းတံဆိပ်ပါ တပ်ကြပ်ကြီးအဆင့် သွေးများပေကျံနေသည့် စစ်အင်္ကျီ (၁) ထည်
– စကစ ကပစ ထုတ် ၅.၅၆ ကျည် (၃၁၂) တောင့်
– လက်ပစ်ဗုံး (၁) လုံး
– ၉ မမ ကာဘိုင်ကျည် (၈၅) တောင့်
– ကာဘိုင်ကျည်ဘောက် (၁) ခု
– စကစ ၊ကပစ ထုတ် ၇.၆၂ ကျည် (၅) တောင့်
– BA 63 ကျည်ဘောက် (၁) ခု
– ၉ မမ ပစ္စတို ကျည်ဘောက် (၁) ခု
– စကစ ကပစ ထုတ် ၉ မမ ကျည် (၁၀) တောင့်
– ငွေ ၅၀၂,၄၀၀ ကျပ်
– ကင်မွန်းတော်ပျူစောထီးများ ကျီကုန်းရွာမှလုယူထားခဲ့သော ပုဇဉ်းခေါင်းထော်လာဂျီ (၁) စီး
– ကင်မွန်းတော်ပျူစောထီးများ၏ ပုဇဉ်းခေါင်းထော်လာဂျီ (၁) စီး
– လက်ကိုင်ဖုန်း (၁) လုံး
– Kyaw Ye Thu အမည်ပါ KBZ ဘဏ်ကတ် (၁) ခု
– ၇၀၄ အမှတ်တံဆိပ်ပါ လည်စီး (၂) ထည်
– သေနတ်လွယ်ကြိုး (၂) ခု
– ဓား (၂) လက်
– ၀.၂၂ ကျည်ထည့်ပစ်ရသည့် လက်လုပ်​သေနတ်အတို (၁) လက်
– အဝတ်အစားများ၊ တကိုယ်ရည်သုံးပစ္စည်းများနှင့် ဆန်၊ ဆီ၊ ငံပြာရည်စသော ရိက္ခာများ စသည်တို့ဖြစ်​ကြောင်းချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)ပြန်ကြားရေးဌာနစိတ်ကယ​နေ့ညတွင်ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။