Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင်ပျူခေါင်းဆောင်၏အိမ်သို့ရောက်နေသောစစ်တပ်ကိုတိုက်ခိုက်၁၇ဦးခန့်သေဟုတိုက်ခိုက်​သောအဖွဲ့​ပြော

ဇွန် ၁၄ ရက်ည ၉ နာရီခန့်က အင်္ကုက္ကားရွာမှပျူစောထီးခေါင်းဆောင်စိန်ချို၏နေအိမ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ၎င်းတို့စုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

(Guerrilla Warfare .K.P.K တပ်ဖွဲ့ဝင်များ စစ်သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-GW)
(Guerrilla Warfare .K.P.K တပ်ဖွဲ့ဝင်များ စစ်သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-GW)

တန့်ဆည်မြို့နယ်အင်္ကုက္ကားကျေးရွာရှိပျူစောထီးခေါင်းဆောင်တစ်ဦး၏နေအိမ်သို့ရောက်နေသောစစ်ကောင်စီတပ်ကိုလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare.K.P.K တပ်ဖွဲ့ကထုတ်ပြန်သည်။

ဇွန် ၁၄ ရက်ည ၉ နာရီခန့်က အင်္ကုက္ကားရွာမှပျူစောထီးခေါင်းဆောင်စိန်ချို၏နေအိမ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ၎င်းတို့စုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ၁၇ ဦးခန့်သေဆုံးကာ အများအပြန်ဒဏ်ရာရရှိသွားပြီး ပြန်လည်ခုခံနိုင်ခြင်းမရှိသည့်အတွက်ပြည်သူ့ရဲဘော်မဟာမိတ်ညီနောင်များအောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့သည်ဟုအသိ​ပေးထားသည်။စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံးမှုကို People’s Spring ကသီးခြားအတာ်မပြုနိုင်​ပါ။

ထို့အပြင် ယင်းနေ့ညပိုင်းက တန့်ဆည်မြို့ပေါ်မှနေ၍ စစ်ကောင်စီတပ်များအား ဖောကားတစ်စီးဖြင့် တိုက်ခိုက်ခံရ​သောပျူ​ခေါင်း​ဆောင်ရှိသည့်ကျေးရွာသို့ စစ်ကူလွှတ်ခဲ့ရာ မြို့အထွက်တစ်နေရာတွင် မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုများကို Guerrilla Warf​are K.P.K၊ PRLF၊ TPC ၊ Taze Tiger၊ ရွှေဘိုခရိုင်တပ်ရင်း (၆)၊ TSR နှင့် ပလဖတို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook