Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် စစ်​ကောင်စီတပ်က အကြမ်းဖက်​နေ၍ ပြည်သူများစစ်​ရေးသတိရှိရန် PDF သတိ​ပေး

ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်အနီး အသက် (၂၀)ခန့်ရှိ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကိုလည်းစစ်ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ထိုနှစ်ဦးအနက် တဦးသေဆုံးပြီး အခြားတဦးကို အချိန်မှီဆေးရုံတင်ပို့ခဲ့နိုင်သည်။

အကြမ်းဖက်စစ်တပ်က ​ဝေဒီ​​ကျေးရွာမှအိမ်ကိုမီးရှို့စဥ်
အကြမ်းဖက်စစ်တပ်က ​ဝေဒီ​​ကျေးရွာမှအိမ်ကိုမီးရှို့စဥ်

● စစ်တပ်က ပြည်သူ​လေးဦးကို​​သေနတ်ဖြင့်ပစ် ၂ ဦ​သေ၊ ၂ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများကိုပစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်နေ၍ ပြည်သူများစစ်ရေးသတိဖြင့်နေထိုင်ကြရန်နှင့် ခရီးသွားလာခြင်းမပြုရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LL PDF)က ယနေ့ သတိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူများ၏ အသက်၊အိုးအိမ်များကို ဖျက်ဆီးသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု LL PDFကထုတ်ပြန်သည်။

“လောင်းလုံးက PDFတွေကို အမြစ်ပြတ်ရှင်းမယ်ဆိုပြီး စစ်ကြောင်းထိုးနေတာ PDFတွေကိုမတွေ့တော့လို့၊ အခုတော့ ဆန္ဒပြပွဲလုပ်နေတဲ့ သူတွေ့နဲ့ CDMလုပ်မယ့်သူတွေကို ဖမ်းမယ်ဆိုပြီး ရွာတွေမှာသောင်းကျန်းနေတာ”ဟု လောင်းလုံမြို့ခံတစ်ဦးကပြောသည်။

​လောင်းလုံး PDF သတိ​ပေးချက်
​လောင်းလုံး PDF သတိ​ပေးချက်

လက်ရှိတွင်​ဒေသခံ အများစုမှာစစ်ရှောင်နေကြသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်ဖြင့် ရောက်ရှိနေပြီး CDMဝန်ထမ်းများအပါဝင်ပြည်သူ ၇ဦးကို ဖမ်းဆီးထားသည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)က ထုတ်ပြန်ထားသည်။

ထိုအပြင် ​ဒေသခံရွာသား ၄ဦးကိုလည်း အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟုလည်းထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

​လောင်းလုံမြို့နယ် ​ဝေဒီ​ကျေးရွာ​နေ မနွယ်နီဌေးကိုယမန်​နေ့ (ဇွန် ၁၆) ညတွင်ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းတွင်သေနတ်ဖြင့် ပစ်ခတ်၍ လမ်းဘေးတွင် စွန့်ပစ်ခဲ့သည်။ ရွာသူ/သားတွေ၏ ကူညီပေးမှုကြောင့် မနွယ်နီဌေးကို အချိန်မှီ ဆေးရုံတင်ပို့နိုင်ခဲ့သည်ဟု သပိတ်ကော်မတီကဆိုသည်။ ထိုပြင်ဂေါ့အင်းကျေးရွာရှိ အသက် ၄၁ အရွယ် မအေမီဖြိုးဝေကို နေအိမ်တွင် စစ်ကောင်စီတပ်က အကြမ်းဖက်ဝင်ရောက်ပြီးမ​အေမီဖြိုး​ဝေကို ပစ်သတ်ခဲ့သည်။ဝေဒီကျေးရွာအတွင်းသို့ သေနတ်ပစ်ခတ် ဝင်ရောက်ခဲ့ပြီးမနွယ်နီဌေး၏နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး မအေမီဖြိုးဝေအိမ်ကိုလည်း မီးရှို့သွားထားသည်။

ထိုနောက် ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်အနီး အသက် (၂၀)ခန့်ရှိ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကိုလည်းစစ်ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ထိုနှစ်ဦးအနက် တဦးသေဆုံးပြီး အခြားတဦးကို အချိန်မှီဆေးရုံတင်ပို့ခဲ့နိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့