Connect with us

Hi, what are you looking for?

သတင်း

မန္တလေး က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရ

ချမ်းအေးသာစံမြို့နယ်အတွင်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို ဒီနေ့မနက်ပိုင်း ၁၁ နာရီလောက်က အမျိုးသား ၄ ဦးရှေ့ဆင့်နောက်ဆင့်ရောက်လာကာ လက်နက်ပြပြီး ဓားပြတိုက်သွားတာပါ။

မန္တလေး က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရ
မန္တလေး က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရ

မန္တလေး အမှတ် ၃ နယ်မြေရဲစခန်းနားမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို ဒီနေ့မနက်ပိုင်းက လက်နက်ကိုင်ဆောင်သူအချို့ ဓားပြတိုက်သွားတယ်လို့သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်အတွင်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို ဒီနေ့မနက်ပိုင်း ၁၁ နာရီလောက်က အမျိုးသား ၄ ဦးရှေ့ဆင့်နောက်ဆင့်ရောက်လာကာ လက်နက်ပြပြီး ဓားပြတိုက်သွားတာပါ။

လက်နက်ပြကာ ဘဏ်ကောင်တာကိုသွားပြီး ငွေထုပ်ယူသွားတယ်လို့သိရပါတယ်။ ဒီလို ဓားပြတိုက်ခံရတဲ့ ဘဏ်အနီးမှာ စစ်ကောင်စီလက်အောက်ခံ အမှတ် ၃ နယ်မြေရဲစခန်းရှိပြီး လုံခြုံရေးတင်းကြပ်ထားတဲ့နယ်မြေလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘဏ်အနီးပတ်ဝန်းကျင်နဲ့ မန္တလေးမြို့တွင်းမှာ စစ်အုပ်စုကားတွေလှည့်လည်ပြီး စစ်ဆေးတာတွေကိုလုပ်နေတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။