Connect with us

Hi, what are you looking for?

သတင်း

က​လေးမှတီးတိန်တက်​သောစစ်​ကောင်စီတပ်ယာဥ်တန်းကို​ဒေသခံကာကွယ်​ရေးအဖွဲ့များကတိုက်ခိုက်ရာ စစ်တပ်ဗျူဟာမှူးဒဏ်ရာအပြင်းအထန်ရ

ချင်းတောင်ကိုတက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အတက်လမ်းတွင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သော်လည်း အပြန်တွင် စစ်ကောင်စီကားများသည် လူထုကားများကို အကာအကွယ်ယူခြင်းနှင့် ခရီးသည်ကားများကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်မှု ကောင်းကောင်းမွန်မလုပ်နိုင်ခဲ့​ကြောင်းCDF-CDM(စီးယင်း)ကတာဝန်ရှိသူကပြောသည်။

(CDM-စီးယင်း ၊PDF(ဇိုးလန်း)အပါအပါအဝင်ချင်း​ဒေသခံကာကွယ်​ရေးတပ်များ။ ။ဓါတ်ပုံ-CDM-စီးယင်း)
(CDM-စီးယင်း ၊PDF(ဇိုးလန်း)အပါအပါအဝင်ချင်း​ဒေသခံကာကွယ်​ရေးတပ်များ။ ။ဓါတ်ပုံ-CDM-စီးယင်း)

ကလေးမြို့မှ ချင်းတောင်တက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှဗျူဟာမှူး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ် CDF-CMD (စီးယင်း)၏ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်များသည် ဇွန် ၁၆ ရက်က စစ်ကား ၁၇ စီးဖြင့် ကလေးမြို့မှ တီးတိန်မြို့ကို တက်လာစဉ် ဇွန် ၁၇ ရက်က CDF CDM-Siyin နှင့် PDF Zolandတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ခေါက် ၁၆ ရက်နေ့တက်ပွဲမှာပါလာတဲ့ဟားခါးစကစ ဗျုဟာမှူးလည်းအပြင်းအထန်ဒဏ်ရာရရှိကြောင်းသတင်းရထားပါတယ်”ဟု CDF-CDM(စီးယင်း)မှ တာဝန်ရှိသူကပြောသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးပြီး ၁၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များက​ပြောသည်။

Public Service Announcement
Public Service Announcement

ချင်းတောင်ကိုတက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အတက်လမ်းတွင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သော်လည်း အပြန်တွင် စစ်ကောင်စီကားများသည် လူထုကားများကို အကာအကွယ်ယူခြင်းနှင့် ခရီးသည်ကားများကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်မှု ကောင်းကောင်းမွန်မလုပ်နိုင်ခဲ့​ကြောင်းCDF-CDM(စီးယင်း)ကတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကားတန်းများ ချင်းတောင်ပေါ်တက်လာပါက ပြည်သူများအ​နေဖြင့်ခရီးသွားခြင်းမပြုရန်နှင့် စစ်ကောင်စီကားများသည် ပြည်သူ့ပိုင်ကားများကို အကာအကွယ်ယူပြီး သွားလာခြင်းကြောင့် ကာကွယ်ရေးတပ်များ တိုက်ခိုက်ရန်အခက်အခဲဖြစ်ရသည်ဟု CDM(စီးယင်း)ကဆိုသည်။ထို​ကြောင့် စစ်​ကောင်စီကားများအတက်အဆင်းရှိလျှင် ပြည်သူများက ခရီးမထွက်ရန် ၊ စစ်ကောင်စီကားများနှင့်ကပ်မသွားရန် အထက်ပါတာဝန်ရှိသူက​ပြောသည်။

“ပြည်သူအားလုံး ငြိမ်းချမ်း စေချင်တဲ့ PDF အနေနဲ့ဒီတစ်ခါ နောက်ဆုံးပြည်သူကိုငဲ့ညာခြင်းဖြစ်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြည်သူများအ​နေဖြင့် စစ်​ကောင်စီကားများနှင့်အတူ ခရီးသွားပါက သက်ညှာ​ပေး​တော့မည်မဟုတ်​ကြောင်း​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။