Connect with us

Hi, what are you looking for?

သတင်း

ပင်းတယမြို့တွင်ပျူနှင့်ပြည်သူ့စစ်ဖွဲ့ရန်ကြိုးစား​နေ​သောပြည်ခိုင်ဖြိုးအမတ်​လောင်းသုတ်သင်ခံရပြီး​​နောက်ပြည်ခိုင်ဖြိုးဥက္ကဌကိုစစ်တပ်ကလုံခြုံ​ရေးတိုး​ပေး

ဦးအာကာလင်းသည် ပင်းတယမြို့ ​ကြံ့ခိုင်ရေးပါတီဥက္ကဌဖြစ်သလို လက်ရှိတွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တာဝန်ယူထားသည်။ပင်းတယမြို့ အော်ယောရပ်ကွက်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အိမ်ယာတွင်နေထိုင်ပြီးယင်းအိမ်ယာပတ်ဝန်းကျင်ကိုစစ်ကောင်စီက လုံခြုံရေးတိုးချထား​ပေးသည်ကိုတွေ့ရကြောင်းဒေသခံများကပြောသည်။

(ပင်တယမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအာကာလင်းနှင့်အာဏာသိမ်းစစ်​​ခေါင်​ဆောင်တို့အတူ​တွေ့ရစဥ်။)
(ပင်တယမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအာကာလင်းနှင့်အာဏာသိမ်းစစ်​​ခေါင်​ဆောင်တို့အတူ​တွေ့ရစဥ်။)

၂၀၂၀​​ရွေး​ကောက်ပွဲအနိုင်ရဒီချုပ်အမတ်၏​ဆွေးမျိုးများကိုစစ်တပ်ကဖမ်းဆီး

​​ပင်းတယတွင်ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသောပြည်​ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ၏​ရွေး​ကောက်ပွဲရှုံးအမတ်လောင်းသုတ်သင်ခံရပြီးနောက်ပင်းတယကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးအာကာလင်း၏လုံခြုံရေးကို စစ်ကောင်စီကတိုးမြှင့်လိုက်​ကြောင်း​ဒေသခံများက​ပြောသည်။

ထိုအပြင်စစ်​ကောင်စီတပ်က ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီမှ​ရွေး​ကောက်ခံအမတ်၏ ဆွေမျိုးများကိုလည်း အတင်းအဓမ္မဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

ဓနုဒေသတွင်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် ပြည်သူ့စစ်ဖွဲ့စည်းရန် ကြိုးစားနေသည့် ပင်းတယမြို့ ကြံ့ခိုင်ရေးပါတီလွှတ်တော်အမတ်လောင်းဦးကျော်ငြိမ်းသည် ယမန်နေ့(ဇွန် ၁၈ရက်)နံနက်တွင် အမည်မသိသေနတ်သမားက​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်က ဦးအာကာလင်း၏လုံခြုံရေးကိုတိုးမြှင့်ထား​ကြောင်းဒေသခံများကပြောသည်။

“ဦးကျော်ငြိမ်းကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာဘယ်သူတွေလုပ်တယ်မသိရသေးဘူး။အခြားနယ်ကနေလာလုပ်တယ်လို့လည်းကြားတယ်။ တကယ်တော့ ဦးကျော်ငြိမ်းရော၊ဦးအာကာလင်းရောက စစ်ကောင်စီရဲ့ တကယ့် အမာခံတွေ။ အခု စစ်ကောင်စီကဦးအာကာလင်းကို တော်တော်လေး ကာကွယ်ပေးနေတာကို ကျွန်တော်တို့ မျက်မြင်တွေ့နေရတယ်” ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဦးအာကာလင်းသည် ပင်းတယမြို့ ​ကြံ့ခိုင်ရေးပါတီဥက္ကဌဖြစ်သလို လက်ရှိတွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တာဝန်ယူထားသည်။ပင်းတယမြို့ အော်ယောရပ်ကွက်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အိမ်ယာတွင်နေထိုင်ပြီးယင်းအိမ်ယာပတ်ဝန်းကျင်ကိုစစ်ကောင်စီက လုံခြုံရေးတိုးချထား​ပေးသည်ကိုတွေ့ရကြောင်းဒေသခံများကပြောသည်။

သုတ်သင်ခံရသည့်ဦးကျော်ငြိမ်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်နေရာ၌ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး ဒီချူပ်ပါတီအမတ်လောင်းကိုရှုံးနိမ့်ခဲ့သူဖြစ်သည်။ ဦးကျော်ငြိမ်းအသတ်ခံရပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းနိုင်၏ ဆွေမျိုး ၂၅ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

ဦးထွန်းထွန်းနိုင်၏ ဆွေမျိုးများကို စစ်ကောင်စီက ဖမ်းဆီးခြင်းသည် ဦးအာကာလင်းက ခိုင်းစေခြင်းဟု ဒေသခံများကယူဆထားကြသည်။ကာယကံရှင်ဦးထွန်းထွန်းနိုင်ကိုယ်တိုင်ကလည်းဦးအာကာလင်းကို ဒေါသဖြစ်နေသည်။

“တီကောင့်(ဒီကောင်ကို ဓနုတိုင်းရင်းသားများက တီကောင်ဟု အသံထွက်ပြောလေ့ရှိသည်)ကျုပ်ကိုမဖမ်းနိုင်တာနဲ့ပေါ့။ကျုပ်ဆွေမျိုးတွေကို မဆီမဆိုင် ဖမ်းခေါ်စစ်တာ။မင်းလည်းတကောင်ကြွက်မဟုတ်ပါဘူးငနဲရာ” ဟု ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက်တွင်ဦးအာကာလင်းဓာတ်ပုံနှင့်အတူယနေ့(ဇွန်လ ၁၉ရက်)ရေးသားထားသည်။

ဦးထွန်းထွန်းနိုင်သည် အကြမ်းဖက်ပုဒ်မအပါအဝင် ပုဒ်မများစွာဖြင့် အမှုဖွင့်ခံထားရ၍ တိမ်းရှောင်နေရသည်။ ဦးထွန်းထွန်းနိုင်၏ ဆွေမျိုးများအား ဖမ်းဆီးစစ်ဆေးနေခြင်းသည် ဦးအာကာလင်းက ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် စစ်ကောင်စီကို ခိုင်းစေနေခြင်းဟု ဒေသခံများကသုံးသပ်နေကြသည်။

ဖမ်းဆီးခံရသော ပြည်သူများထဲတွင် သက်ကြီးရွယ်အိုများလည်းပါရှိပြီး ၎င်းတို့အားလုံးသည် PDFများနှင့်လုံးဝပတ်သက်ဆက်စပ်မူ့မရှိဘဲရွာ၌အေးဆေးစွာလုပ်ကိုင်စားသောက်နေကြသောသူများဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သော Voice of Pindayaက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။