Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုကြောင့် ဒုက္ခသည် ဦးရေ ၁ ဒဿမ ၂သန်း ကျော်ရှိလာ

စစ်ကောင်စီတပ်တွေရဲ့အကြမ်းဖက်မှုတွေ ၊နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေကြောင့် တောတောင်တွေထဲ တိမ်းရှောင်ရတဲ့ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေအပြင် ကျန်းမာရေးထိခိုက်မှုတွေနဲ့ပကြုံတွ့နေကြရပါတယ်။

မကွေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကိုတွေ့ရစဉ်
မကွေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကိုတွေ့ရစဉ်

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဒုက္ခသည်ဦးရေ ၁ဒဿမ ၂ သန်းကျော်ရှိလာပြီး ပြည်တွင်းမှာနေရပ်စွန့်ခွာတိမ်းရှောင်ရသူဟာ ၈ သိန်းကျော်ရှိလာပြီလို့ ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ လူ့အခွင့်မှတ်တမ်းကွန်ရက်( မြန်မာနိုင်ငံ) ND – Buram က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ဒုက္ခသည်အကြပ်အတည်းကိုဖြစ်ပေါ်စေပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ အိုးအိမ်နဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ဆိုထားပါတယ်။

ဒီလို နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ အကာအကွယ်ပေးတာတွေကို စစ်အာဏာရှင်က ငြင်းဆိုနေတယ်လို့လည်း ND – Burma က ပြောထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်းနေ့စဉ်နေ့တိုင်းထွက်ပြေးလာရသူတွေကို အကာအကွယ်ပေးရေး လမ်းကြောင်းတွေ ထားရှိဖို့ ၊ ဒုက္ခသည်တွေကို ရဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်ဖို့ ၊ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်တွေနဲ့ ပဋိညာဉ်တွေကို လိုက်နာဖို့ တိုက်တွန်းထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ခိုလှုံခွင့်တောင်းခံတာဟာ ရာဇဝတ်မှုမဟုတ်ကြောင်းကိုလည်းအသိပေးထားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့အကြမ်းဖက်မှုတွေ ၊နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေကြောင့် တောတောင်တွေထဲ တိမ်းရှောင်ရတဲ့ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေအပြင် ကျန်းမာရေးထိခိုက်မှုတွေနဲ့ပကြုံတွ့နေကြရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။