Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ကို လက်နက်ထောက်ပံ့သည့်ကုမ္ပဏီအပေါ် ဗြိတိန်၏ ဒဏ်ခတ်အရေးယူမှုအား NUG ကြိုဆို

NUGသည် အကြမ်းဖက်မှု ကျူးလွန်ခံရသူများ၏ တရားမျှတမှုကို ရရှိစေရေးအတွက် တရားဥပဒေလမ်းကြောင်းအားလုံးကို အသုံးပြုဆောင်ရွက်ကြိုးပမ်းသွားရန် ကတိပြုထားသည်။

(စစ်တပ်အာဏာသိမ်းမှု​ကြောင့် ရန်ကုန်မြို့တွင် ငြိမ်းချမွးစွာဆန္ဒပြ​နေ​သူများအား စစ်တပ်က ပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁မတ်လက ​တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)
(စစ်တပ်အာဏာသိမ်းမှု​ကြောင့် ရန်ကုန်မြို့တွင် ငြိမ်းချမွးစွာဆန္ဒပြ​နေ​သူများအား စစ်တပ်က ပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁မတ်လက ​တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)

လက်နက်များ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်ကုမ္ပဏီများကို ပိတ်ဆို့အရေးယူရန် ဗြိတိန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်ရမ်းကားမှုများကို ကျူးလွန်ခွင့်ရအောင် ပြုလုပ်ပေးရာရောက်သည့်လက်နက်များ ဖြန့်ဖြူးရောင်းချပြုလုပ်နေသည့် ကုမ္ပဏီ ၃ခုကို ဗြိတိန်က ဇွန်လ ၁၆ရက်တွင် ပိတ်ဆို့ အရေးယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီများ၏ အခန်းကဏ္ဍကို တစ်ကမ္ဘာလုံးက ရှုတ်ချသင့်ကြောင်းလည်း NUGက တိုက်တွန်းသည်။

“ဤကုမ္ပဏီများနှင့် ၎င်းတို့၏ ဒါရိုက်တာများ၏ လုပ်ရပ်သည် အလွန်ရှက်စရာကောင်းပါသည်”ဟု NUG က ဆိုသည်။

Public Service Announcement

Public Service Announcement

ဗြိတိန်သည် Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd၊ Sky Aviator Company Ltd တို့ကို အရေးယူဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။

NUGသည် အကြမ်းဖက်မှု ကျူးလွန်ခံရသူများ၏ တရားမျှတမှုကို ရရှိစေရေးအတွက် တရားဥပဒေလမ်းကြောင်းအားလုံးကို အသုံးပြုဆောင်ရွက်ကြိုးပမ်းသွားရန် ကတိပြုထားသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုထံ လက်နက်လွှဲပြောင်းပေးရေးကို လိုလိုလားလားလုပ်ဆောင်နေသော မြန်မာလူမျိုးများသည် ၎င်းတို့၏ရာဇဝတ်မှုများအတွက် တရားရုံးတွင် တာဝန်ယူရလိမ့်မည်ကို သိထားကြရမည်ဟု NUGက သတိပေးသည်။

မြန်မာနိုင်ငံသို့ တရားမဝင်လက်နက်များစီးဆင်းမှုကို အဆုံးသတ်ရန် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံ အသုံးပြုရန် နိုင်ငံတကာအသိုင်းအဝန်းကို NUG ထပ်မံတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။