လက်နက်များ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်ကုမ္ပဏီများကို ပိတ်ဆို့အရေးယူရန် ဗြိတိန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။
အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်ရမ်းကားမှုများကို ကျူးလွန်ခွင့်ရအောင် ပြုလုပ်ပေးရာရောက်သည့်လက်နက်များ ဖြန့်ဖြူးရောင်းချပြုလုပ်နေသည့် ကုမ္ပဏီ ၃ခုကို ဗြိတိန်က ဇွန်လ ၁၆ရက်တွင် ပိတ်ဆို့ အရေးယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါကုမ္ပဏီများ၏ အခန်းကဏ္ဍကို တစ်ကမ္ဘာလုံးက ရှုတ်ချသင့်ကြောင်းလည်း NUGက တိုက်တွန်းသည်။
“ဤကုမ္ပဏီများနှင့် ၎င်းတို့၏ ဒါရိုက်တာများ၏ လုပ်ရပ်သည် အလွန်ရှက်စရာကောင်းပါသည်”ဟု NUG က ဆိုသည်။

Public Service Announcement
ဗြိတိန်သည် Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd၊ Sky Aviator Company Ltd တို့ကို အရေးယူဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။
NUGသည် အကြမ်းဖက်မှု ကျူးလွန်ခံရသူများ၏ တရားမျှတမှုကို ရရှိစေရေးအတွက် တရားဥပဒေလမ်းကြောင်းအားလုံးကို အသုံးပြုဆောင်ရွက်ကြိုးပမ်းသွားရန် ကတိပြုထားသည်။
ထို့အပြင် အကြမ်းဖက်စစ်အုပ်စုထံ လက်နက်လွှဲပြောင်းပေးရေးကို လိုလိုလားလားလုပ်ဆောင်နေသော မြန်မာလူမျိုးများသည် ၎င်းတို့၏ရာဇဝတ်မှုများအတွက် တရားရုံးတွင် တာဝန်ယူရလိမ့်မည်ကို သိထားကြရမည်ဟု NUGက သတိပေးသည်။
မြန်မာနိုင်ငံသို့ တရားမဝင်လက်နက်များစီးဆင်းမှုကို အဆုံးသတ်ရန် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံ အသုံးပြုရန် နိုင်ငံတကာအသိုင်းအဝန်းကို NUG ထပ်မံတောင်းဆိုသည်။


















































