Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်မှထွက်ပြေးလာသည့် တပ်သားတစ်ဦးကို ထီးချိုင့် PDFဖမ်းမိ

Eagles Army – HPDF သည် ဇွန်လ ၁၁ရက်ကလည်း ပုလိပ်ရဲတပ်ရင်း(၁၄)မှ ဒုရဲအုပ် သန်းဝင်းအောင်အား မန္တလေး – ဗန်းမော် မဟာဗျူဟာလမ်း တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှထွက်ပြေးလာသည့် တပ်သားတစ်ဦး
စစ်ကောင်စီတပ်မှထွက်ပြေးလာသည့် တပ်သားတစ်ဦး

▪️ယခုလအတွင်း စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူ သုံးဦးနှင့် ဒုရဲအုပ်တစ်ဦးအားဖမ်းမိဟု Eagles Army အသိပေးထား

အာဏာသိမ်းစစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို မန္တလေး – ဗန်းမော် လမ်းတစ်နေရာ၌ ဖမ်းမိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ် ရေးတပ်(PDF)၏ Eagles Army-HPDFက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၀ရက်တွင် ခလရ(၁၄၁) တပ်မှ ထွက်ပြေးလာသည့် တပ်သားရဲထက်အောင်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်သားကို သက်ဆိုင်ရာ ပြည်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးခဲ့ကြောင်းဖော်ပြထားသည်။

Eagles Army – HPDF သည် ဇွန်လ ၁၁ရက်ကလည်း ပုလိပ်ရဲတပ်ရင်း(၁၄)မှ ဒုရဲအုပ် သန်းဝင်းအောင်အား မန္တလေး – ဗန်းမော် မဟာဗျူဟာလမ်း တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၀ရက်ကလည်း တပ်မ(၈၈) ခလရ(၈၃)မှ ထွက် ပြေးလာသည့် တပ်သား သက်ကိုကိုထွေးနှင့် တပ်သား ရှိုင်း၀ဏအောင် တို့ကို မန္တလေး- ဗန်းမော် လမ်း၌ ဖမ်းဆီးရမိခဲ့ရာ ပြည်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ