Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ် ရှားလှရွာတွင် အကြမ်းဖက်စစ်တ​ပ် ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ပြီး စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား သတ်ဖြတ်သွား

ယမန်နေ့(ဇွန်လ၂၃ရက်)က ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာ ဘုရားကုန်းတွင် အင်အား ၂၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲပြီး အနီးနားပတ်ဝန်းကျင်အား စစ်ကြောင်းထိုး ရှာဖွေမှုများပြုလုပ်ခဲ့သည်။

အကြမ်းဖက်စစ်တပ်ကစိတ်ကျန်းမာ​ရေးမ​ကောင်း​သောဦးလှိုင် မြင့်ကိုဦး​ခေါင်းခွဲပြီးဘယ်ဘက်လက်ဖြတ်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ဓာတ်ပုံ - We Love Seik Phyu Group
အကြမ်းဖက်စစ်တပ်ကစိတ်ကျန်းမာ​ရေးမ​ကောင်း​သောဦးလှိုင် မြင့်ကိုဦး​ခေါင်းခွဲပြီးဘယ်ဘက်လက်ဖြတ်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ဓာတ်ပုံ - We Love Seik Phyu Group

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တ​ပ် ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ပြီး စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား သတ်ဖြတ်သွားကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇွန်လ၂၃ရက်)က ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာ ဘုရားကုန်းတွင် အင်အား ၂၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲပြီး အနီးနားပတ်ဝန်းကျင်အား စစ်ကြောင်းထိုး ရှာဖွေမှုများပြုလုပ်ခဲ့သည်။

ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - We Love Seik Phyu Group
ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – We Love Seik Phyu Group

၎င်းစစ်ကြောင်းနှင့် နယ်ခံရွာသားတစ်ဦးသည် ရှားလှကျေးရွာနှင့် တောင်ချိုရွာကြားတွင် တည့်တည့်တိုးပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်စဉ် ဦးခေါင်းရိုက်ခွဲ အသတ်ခံရခြင်းဖြစ်ကြောင်း၊ အသက်ခံရသူမှာ အသက်၄၀ကျော် ဦးလှိုင်မြင့်ဆိုသူဖြစ်ပြီး ၎င်းမှာ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဟု သိရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ရှားလှကျေးရွာကိုလည်း ဝင်ရောက်၍ နေအိမ်များရှိ အဖိုးတန်ပစ္စည်းများအား ယူ‌ဆောင်ခြင်း၊ အိမ်အသုံးအဆောင်ပစ္စည်းများရိုက်ချိုးခြင်းများ ပြုလုပ်သွားကြောင်း၊ ထို့အပြင် အနီးနားရှိ ကင်းမကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူများ၏ ရွှေထည်အချို့နှင့် ငွေသားများကိုပါ ယူဆောင်သွားကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - We Love Seik Phyu Group
ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – We Love Seik Phyu Group

“ဒီကနေ့မနက်ပိုင်းမှာ ပြန်ထွက်သွားပေမဲ့ ရွာသူရွာသားများ နေရပ်မပြန်ရဲသေးဘူးလို့သိရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်ကလည်း အကြမ်းဖက်စစ်တပ်သည် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာမှပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ‌နေအိမ် ၂၃လုံးနှင့် ဆန်၊ စပါး ၊ ကြက်သွန် အစရှိသည့်သီးနှံများပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

Facebook