Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်‌ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအားကူညီရန် ချစ်သုဝေက ကံစမ်းမဲလက်မှတ်များ စတင်ရောင်းချ

ယခုတစ်ကြိမ်ကံစမ်းမဲအတွက် ချစ်သုဝေက ထမင်းစားပွဲတင်အလှဆင်ရသည့် စားပွဲခင်းနှင့်ခွက်အောက်ခံများကို Macrame ထိုးထားခြင်းဖြစ်ပြီး စုစုပေါင်း သုံးစုံမဲဖောက်ပေးမည် ဖြစ်သည်။

ဓာတ်ပုံ - ချစ်သုဝေ ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ - ချစ်သုဝေ ဖေ့စ်ဘွတ်ခ်

အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့် စစ်‌ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များပြည်သူများအားကူညီရန် ကံစမ်းမဲလက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ကြောင်း သရုပ်ဆောင်ချစ်သုဝေက အသိပေးထားသည်။

“အိမ်” ဆိုတာ မရှိ​တော့တဲ့ Treza က တလရ ဟာ “ဘဝ” ဖြစ်​နေပြီမို့….”အိမ်” ဆိုတာ မျက်စိ​ရှေ့မှာတင် ပျာပုံဖြစ်လို့ ဘဝ​တွေ ​နေ့တွင်းညတွင်းချင်း ​ပျောက်သွားရသူ​တွေကို ကူဖို့တတ်တဲ့ပညာ​လေးနဲ့ “အိမ်” အလှဆင် ပစ္စည်းတချို့ လုပ်ထားပါတယ်.”ဟု ဇွန်လ ၂၅ ရက် ညနေတွင် ချစ်သုဝေက သူမ၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဓာတ်ပုံ - ချစ်သုဝေ ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ – ချစ်သုဝေ ဖေ့စ်ဘွတ်ခ်

လက်မှတ်တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး m.me/WeSupportHeroes ပေ့ခ်ျတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

ယခုတစ်ကြိမ်ကံစမ်းမဲအတွက် ချစ်သုဝေက ထမင်းစားပွဲတင်အလှဆင်ရသည့် စားပွဲခင်းနှင့်ခွက်အောက်ခံများကို Macrame ထိုးထားခြင်းဖြစ်ပြီး စုစုပေါင်း သုံးစုံမဲဖောက်ပေးမည် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ချစ်သုဝေ ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ – ချစ်သုဝေ ဖေ့စ်ဘွတ်ခ်

ချစ်သုဝေက ပြီးခဲ့သည့်နှစ်နှစ်ကုန်ပိုင်းမှစတင်၍ နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများသို့ လှူဒါန်းနိုင်ရန် Macrame များကိုယ်တိုင်ပြုလုပ်၍ ကံစမ်းမဲလက်မှတ်များပြုလုပ်ကာ လှူဒါန်းမှုများပြုလုပ်နေခြင်းဖြစ်သည်။

ချစ်သုဝေက (၆)ကြိမ်မြောက် Macrame Project ကို မေလအတွင်းကပြုလုပ်ခဲ့ပြီး လိုအပ်သည့်နေရာများကို ကျပ်သိန်း၇၀၀ ကျော်လှူဒါန်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People's Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။