Connect with us

Hi, what are you looking for?

သတင်း

စစ်‌ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအားကူညီရန် ချစ်သုဝေက ကံစမ်းမဲလက်မှတ်များ စတင်ရောင်းချ

ယခုတစ်ကြိမ်ကံစမ်းမဲအတွက် ချစ်သုဝေက ထမင်းစားပွဲတင်အလှဆင်ရသည့် စားပွဲခင်းနှင့်ခွက်အောက်ခံများကို Macrame ထိုးထားခြင်းဖြစ်ပြီး စုစုပေါင်း သုံးစုံမဲဖောက်ပေးမည် ဖြစ်သည်။

ဓာတ်ပုံ - ချစ်သုဝေ ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ - ချစ်သုဝေ ဖေ့စ်ဘွတ်ခ်

အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့် စစ်‌ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များပြည်သူများအားကူညီရန် ကံစမ်းမဲလက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ကြောင်း သရုပ်ဆောင်ချစ်သုဝေက အသိပေးထားသည်။

“အိမ်” ဆိုတာ မရှိ​တော့တဲ့ Treza က တလရ ဟာ “ဘဝ” ဖြစ်​နေပြီမို့….”အိမ်” ဆိုတာ မျက်စိ​ရှေ့မှာတင် ပျာပုံဖြစ်လို့ ဘဝ​တွေ ​နေ့တွင်းညတွင်းချင်း ​ပျောက်သွားရသူ​တွေကို ကူဖို့တတ်တဲ့ပညာ​လေးနဲ့ “အိမ်” အလှဆင် ပစ္စည်းတချို့ လုပ်ထားပါတယ်.”ဟု ဇွန်လ ၂၅ ရက် ညနေတွင် ချစ်သုဝေက သူမ၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဓာတ်ပုံ - ချစ်သုဝေ ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ – ချစ်သုဝေ ဖေ့စ်ဘွတ်ခ်

လက်မှတ်တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး m.me/WeSupportHeroes ပေ့ခ်ျတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

ယခုတစ်ကြိမ်ကံစမ်းမဲအတွက် ချစ်သုဝေက ထမင်းစားပွဲတင်အလှဆင်ရသည့် စားပွဲခင်းနှင့်ခွက်အောက်ခံများကို Macrame ထိုးထားခြင်းဖြစ်ပြီး စုစုပေါင်း သုံးစုံမဲဖောက်ပေးမည် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ချစ်သုဝေ ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ – ချစ်သုဝေ ဖေ့စ်ဘွတ်ခ်

ချစ်သုဝေက ပြီးခဲ့သည့်နှစ်နှစ်ကုန်ပိုင်းမှစတင်၍ နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများသို့ လှူဒါန်းနိုင်ရန် Macrame များကိုယ်တိုင်ပြုလုပ်၍ ကံစမ်းမဲလက်မှတ်များပြုလုပ်ကာ လှူဒါန်းမှုများပြုလုပ်နေခြင်းဖြစ်သည်။

ချစ်သုဝေက (၆)ကြိမ်မြောက် Macrame Project ကို မေလအတွင်းကပြုလုပ်ခဲ့ပြီး လိုအပ်သည့်နေရာများကို ကျပ်သိန်း၇၀၀ ကျော်လှူဒါန်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။