Connect with us

Hi, what are you looking for?

သတင်း

ခရမ်းမြို့နယ် အိုးဝရွာတွင် လက်နက်ကိုင်လူတစ်စုက ဓားပြတိုက်၊ ကျပ်သိန်း ၇၀ကျော်နှင့် ရွှေခြောက်ကျပ်သားပါသွား

“ထိုသို့ ပြည်သူ့အိုးအိမ်စည်းစိမ်ကို မတရားအ နိုင်ကျင့်သည့် ယုတ်ညံ့သောလုပ်ရပ်ကို ကျွန်ုပ်တို့မှ ပြင်းထန်စွာရှုံ့ချပါသည်”ဟု PDF – Khayan က ဖော်ပြသည်။

ခရမ်းမြို့နယ်
ခရမ်းမြို့နယ်

▪️ပြည်သူကိုအနိုင်ကျင့်သည့် ယုတ်ညံ့သောလုပ်ရပ်အဖြစ် ခရမ်းPDF ရှုံ့ချ

ရန်ကုန်တိုင်း ခရမ်းမြို့နယ် အိုးဝကျေးရွာတွင် လူတစ်စုက လက်နက်များကိုင်ဆောင်ပြီး ပြည်သူတစ်ဦး၏ နေအိမ်ကို ဓားပြတိုက်သွားကြောင်း PDF – Khayan က အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၂၅)နံနက် ၁ နာရီခန့်က အိုးဝကျေးရွာမှ နေအိမ်တစ်အိမ်သို့ လက်နက်များကိုင်ဆောင်ထားသောလူတစ်စုမှ ဝင်ရောက်ကာ အိမ်ရှင်များကို လက်ပြန်ကြိုး တုပ်ပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါဖြစ်စဥ်တွင် အိမ်ရှင်များထံမှ ကျပ်သိန်း ၇၀ ကျော်နှင့် ရွှေခြောက်ကျပ်သားကျော်တို့ကို လက်နက် ကိုင်လူတစ်စုက ဓားပြတိုက်ယူဆောင်သွားသည်ဟု ဆိုသည်။

“ထိုသို့ ပြည်သူ့အိုးအိမ်စည်းစိမ်ကို မတရားအ နိုင်ကျင့်သည့် ယုတ်ညံ့သောလုပ်ရပ်ကို ကျွန်ုပ်တို့မှ ပြင်းထန်စွာရှုံ့ချပါသည်”ဟု PDF – Khayan က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယခုကဲ့သို့ လက်နက်များဖြင့် ပြည်သူကိုဓားပြတိုက်သွားခြင်းသည် ပြည်သူ့ဘက်မှရပ်တည်ကာကွယ်နေသော ပြည်သူ့ကာကွယ် ရေးတပ်များ၏ တော်လှန်ရေးပုံရိပ်ကို ပုံဖျက်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ်ယူဆသည်ဟု ဆို သည်။

“စစ်ခွေးများ၏ မြို့နယ်ပြည်သူလူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား အထင်အမြင်လွဲမှားစေရန် လုပ်ကြံမှုတစ်ရပ်လည်း ဖြစ်ပေါ် သည်”ဟု အသိပေးသည်။

ထို့ကြောင့် ယခုလိုဓားပြတိုက်သွားသော လူရမ်းကားများကို စုံစမ်းနေပြီး ပြင်းထန်စွာတုန့်ပြန်သွားမည်ဖြစ်ကြောင်း PDF – Khayanက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။