Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လက်နက်ကြီးငယ်တွေနဲ့အဆက်မပြတ်ပစ်နေလို့ ဒေသခံတွေ စာဝတ်နေရေးအခက်ကြုံနေရ

လက်ရှိစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လူသားမဆန်တဲ့လုပ်ရင် အကြမ်းဖက်လုပ်ရင် ဖက်ဆစ်ဆန်တဲ့စစ်အာဏာရှင်လုပ်ရပ်ကို ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့အနေနဲ့ ဘယ်လိုမှလက်ခံနိုင်ခြင်းလုံး၀မရှိပဲ အတိအလင်းကန့်ကွက်ရှုံ့ချတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် ကျေးရွာနေပြည်သူလူထု
ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် ကျေးရွာနေပြည်သူလူထု

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်တာကြောင့် ကျေးရွာနေပြည်သူလူထုဟာ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

လတ်တလောမှာ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး ဒီလိုပစ်ခတ်မှုကြောင့် ဒေသခံဦးရေ (၅၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီးငယ်ပစ်ခတ်မှုကြောင့် အရပ်သားပြညသူတွေ ထိခိုက်ဒဏ်ရာရရှိမှု ပိုမိုများပြားလာပြီး အများပြည်သူအသုံးလျက်ရှိတဲ့ လမ်းတံတားတွေမှာ စစ်ဆေးရေးဂိတ်ချကာ သွားလာမှုတွေကို တားဆီးနှောင့်ယှက်ပိတ်ပင်တာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာကို တွေ့ရှိရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့က ထုတ်ပြနါပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် ကျေးရွာနေပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲသာမက သက်ကြီးရွယ်အိုတွေဟာလည်း ဆိုးရွားလှတဲ့ ကျန်းမာရေးပြသနာနဲ့ ရင်ဆိုင်နေရတဲ့အပြင် ကလေးသူငယ်တွေမှာလည်း ကျောင်းဖွင့်ချိန်မှာ စစ်ဘေးကြောင့် ဘေးလွတ်ရာအရပ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့က ဆိုပါသေးတယ်။

Public Service Announcement

Public Service Announcement

ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့လူ့အခွင့်ရေးချိုးဖောက်မှု လူသားမဆန်တဲ့လုပ်ရပ်ကို ပြည်သူတွေအနေနဲ့ မိမိတို့တစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို အချက်အလက်စုံလင်စွာမှတ်သားပြီး မိမိတို့နဲ့နီးစပ်တဲ့ အဖွဲ့အစည်းတစ်ခုခုကို အချိန်မှီသတင်းပေးပို့ဖို့၊ တစ်ရွာနဲ့တစ်ရွာ စုပေါင်းကူညီကြဖို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့က အသိပေးထားပါတယ်။

လက်ရှိစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လူသားမဆန်တဲ့လုပ်ရင် အကြမ်းဖက်လုပ်ရင် ဖက်ဆစ်ဆန်တဲ့စစ်အာဏာရှင်လုပ်ရပ်ကို ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့အနေနဲ့ ဘယ်လိုမှလက်ခံနိုင်ခြင်းလုံး၀မရှိပဲ အတိအလင်းကန့်ကွက်ရှုံ့ချတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။