Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က လက်နက်ကြီးငယ်တွေနဲ့အဆက်မပြတ်ပစ်နေလို့ ဒေသခံတွေ စာဝတ်နေရေးအခက်ကြုံနေရ

လက်ရှိစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လူသားမဆန်တဲ့လုပ်ရင် အကြမ်းဖက်လုပ်ရင် ဖက်ဆစ်ဆန်တဲ့စစ်အာဏာရှင်လုပ်ရပ်ကို ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့အနေနဲ့ ဘယ်လိုမှလက်ခံနိုင်ခြင်းလုံး၀မရှိပဲ အတိအလင်းကန့်ကွက်ရှုံ့ချတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် ကျေးရွာနေပြည်သူလူထု
ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် ကျေးရွာနေပြည်သူလူထု

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်တာကြောင့် ကျေးရွာနေပြည်သူလူထုဟာ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

လတ်တလောမှာ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး ဒီလိုပစ်ခတ်မှုကြောင့် ဒေသခံဦးရေ (၅၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီးငယ်ပစ်ခတ်မှုကြောင့် အရပ်သားပြညသူတွေ ထိခိုက်ဒဏ်ရာရရှိမှု ပိုမိုများပြားလာပြီး အများပြည်သူအသုံးလျက်ရှိတဲ့ လမ်းတံတားတွေမှာ စစ်ဆေးရေးဂိတ်ချကာ သွားလာမှုတွေကို တားဆီးနှောင့်ယှက်ပိတ်ပင်တာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာကို တွေ့ရှိရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့က ထုတ်ပြနါပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် ကျေးရွာနေပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲသာမက သက်ကြီးရွယ်အိုတွေဟာလည်း ဆိုးရွားလှတဲ့ ကျန်းမာရေးပြသနာနဲ့ ရင်ဆိုင်နေရတဲ့အပြင် ကလေးသူငယ်တွေမှာလည်း ကျောင်းဖွင့်ချိန်မှာ စစ်ဘေးကြောင့် ဘေးလွတ်ရာအရပ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့က ဆိုပါသေးတယ်။

Public Service Announcement

Public Service Announcement

ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့လူ့အခွင့်ရေးချိုးဖောက်မှု လူသားမဆန်တဲ့လုပ်ရပ်ကို ပြည်သူတွေအနေနဲ့ မိမိတို့တစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို အချက်အလက်စုံလင်စွာမှတ်သားပြီး မိမိတို့နဲ့နီးစပ်တဲ့ အဖွဲ့အစည်းတစ်ခုခုကို အချိန်မှီသတင်းပေးပို့ဖို့၊ တစ်ရွာနဲ့တစ်ရွာ စုပေါင်းကူညီကြဖို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့က အသိပေးထားပါတယ်။

လက်ရှိစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လူသားမဆန်တဲ့လုပ်ရင် အကြမ်းဖက်လုပ်ရင် ဖက်ဆစ်ဆန်တဲ့စစ်အာဏာရှင်လုပ်ရပ်ကို ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့အနေနဲ့ ဘယ်လိုမှလက်ခံနိုင်ခြင်းလုံး၀မရှိပဲ အတိအလင်းကန့်ကွက်ရှုံ့ချတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။