Connect with us

Hi, what are you looking for?

သတင်း

ဆေးတက္ကသိုလ်ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်း သားများအား ယာယီဘွဲ့လက်မှတ်ထုတ်ပေးမည်

ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားများ၏အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများမဆုံးရှုံးရစေရန် ယခုကဲ့သို့ ယာယီဘွဲ့လက်မှတ်များထုတ်ပေးခြင်းဖြစ်ပြီးယာယီတက္ကသိုလ်ကောင်
စီ၊ မော်ကွန်းမှတ်တမ်းဌာနစိတ်သို့ဆက်သွယ်ပြီး အကြောင်းကြားစာရထားပြီးသူများ ထပ်မံလျှောက်ထားရန် မလိုအပ်တော့ကြောင်း ဖော်ပြ သည်။

ဆေးတက္ကသိုလ်
ဆေးတက္ကသိုလ်

ဆေးတက္ကသိုလ် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်း သားများအား ယာယီဘွဲ့လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း NUG အစိုးရ၏ ဆေးတက္ကသိုလ် (၁)ရန်ကုန် ယာယီတက္ကသိုလ်ကောင်စီက အသိပေးထုတ်ပြန်သည်။

ယာယီဘွဲ့လက်မှတ်လျှောက်ထားနိုင်သူများတွင် ပညာရပ်ဆိုင်ရာသင်ယူလေ့လာမှုများပြီးမြောက်၍ အရည်အသွေးပြည့်မီကြောင်းကြေညာပြီးဖြစ်သော်လည်း ဘွဲ့နှင်းသဘင်မကျင်းပနိုင်ခဲ့သော ဘွဲ့ကြိုနှင့် ဘွဲလွန်ကျောင်း သားများပါဝင်သည်ဟု ဖော်ပြသည်။

“အလုပ်သင်ဆရာဝန်တစ်နှစ်ဆင်းပြီးသူများအားလုံး ယာယီဘွဲ့လက်မှလိုချင်သူများ လျှောက်ထားနိုင်ပါတယ်”ဟု ဖက်ဒရယ်ကျန်း မာရေးပညာရှင်များကောင်စီဥက္ကဋ္ဌ ဆရာကြီးဒေါက်တာခင်မောင်လွင်က လူမှုကွန်ယက်မှတဆင့် အသိပေးသည်။

ထို့အပြင် မဟာသိပ္ပံအောင်မြင်ပြီးစီးသူများလည်း သက်ဆိုင်ရာတက္ကသိုလ်များ၏ယာယီတက္ကသိုလ်ကောင်စီများနှင့်ချိတ်ဆက်ပြီး ယာ ယီမဟာသိပ္ပံဘွဲ့လက်မှတ်များလျှောက်ထားနိုင်ကြောင်းလည်း ၎င်းက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားများ၏အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများမဆုံးရှုံးရစေရန် ယခုကဲ့သို့ ယာယီဘွဲ့လက်မှတ်များထုတ်ပေးခြင်းဖြစ်ပြီးယာယီတက္ကသိုလ်ကောင်
စီ၊ မော်ကွန်းမှတ်တမ်းဌာနစိတ်သို့ဆက်သွယ်ပြီး အကြောင်းကြားစာရထားပြီးသူများ ထပ်မံလျှောက်ထားရန် မလိုအပ်တော့ကြောင်း ဖော်ပြ သည်။

ယာယီဘွဲ့လက်မှတ်ရပြီးပါက Federal Health Professional Council တွင် Federal Sama ဆက်လက်များ လျှောက်ထားနိုင်ကြောင်းလည်း အသိပေးအသိပေးထုတ်ပြန်ထားသည်။

(လျှောက်ထားလိုသူများအတွက် Google Form) Google Form Link: https://forms.gle/cvT4ZpGUuJ9BpsT

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဖြစ်ပွားတဲ့ ခင်ဦးမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာလည်းဖြစ်ပါတယ်။

သတင်း

ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။

သတင်း

စစ်အုပ်စုဟာ CDMလှုပ်ရှားမှုအားကောင်းခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အငြိုးထားဖမ်းဆီးခဲ့ပြီး မတရားပုဒ်တွေနဲ့ တရားစွဲဆိုထောင်ချနေတာဖြစ်ပါတယ်။

News

ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြအပ်သည်ဟု CNFက ထုတ်ပြန်ခဲ့ပြီး ဒေါက်တာနိုင်ထူးလွင် တစ်ယောက် အေးချမ်းရာ ဘုံဘ၀ ရောက်ပါစေကြောင်း ဖော်ပြထားသည်။