Connect with us

Hi, what are you looking for?

သတင်း

မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခကို စစ်ကောင်စီတပ်ဖမ်းဆီး

ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။

မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခကို စစ်ကောင်စီတပ်ဖမ်းဆီး
မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခကို စစ်ကောင်စီတပ်ဖမ်းဆီး

မန္တလေး ဆေးတက္ကသိုလ် ရဲ့ CDM ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို ပြီးခဲ့တဲ့ ခရစ္စမတ်နေ့ ဒီဇင်ဘာလ ၂၅ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းထံကနေစုံစမ်းသိရပါတယ်။

ပါမောက္ခဒေါက်တာဝင်းခိုင်ဟာ ဆီးနဲ့ကျောက်ကပ် ခွဲစိတ်အထူးဆရာဝန်ကြီးဖြစ်ပြီး CDM ပြုလုပ်ထားသူပါ။

ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။

” သိရသလောက်တော့ အဆက်အသွယ်မရသေးဘူးပြောတယ်၊အားလုံးကလည်း ဆရာကြီးကို စိတ်ပူနေကြတယ် ” လို့ မန္တလေး ကျန်းမာရေးအသိုင်းအဝိုင်းက ဆရာဝန်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းတွေအတွင်းမှာ မန္တလေးမှာ ဆေးတက္ကသိုလ် ကထိက နဲ့ အထူးကုဆရာဝန်ကြီးတွေ အပါအဝင် CDM ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၃၀ ကျော် ကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။