Connect with us

Hi, what are you looking for?

သတင်း

မန္တလေးဆေးတက္ကသိုလ်ရဲ့ ထူးချွန် ဆရာဝန်ကို အကြမ်းဖက်ပုဒ်မ နဲ့စစ်အုပ်စု ထောင် ၇ နှစ် ထပ်ချ

စစ်အုပ်စုဟာ CDMလှုပ်ရှားမှုအားကောင်းခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အငြိုးထားဖမ်းဆီးခဲ့ပြီး မတရားပုဒ်တွေနဲ့ တရားစွဲဆိုထောင်ချနေတာဖြစ်ပါတယ်။

မန္တလေးဆေးတက္ကသိုလ်ရဲ့ ထူးချွန် ဆရာဝန်ကို အကြမ်းဖက်ပုဒ်မ နဲ့စစ်အုပ်စု ထောင် ၇ နှစ် ထပ်ချ
မန္တလေးဆေးတက္ကသိုလ်ရဲ့ ထူးချွန် ဆရာဝန်ကို အကြမ်းဖက်ပုဒ်မ နဲ့စစ်အုပ်စု ထောင် ၇ နှစ် ထပ်ချ

မန္တလေး ဆေးတက္ကသိုလ်ရဲ့ ထူးချွန်ကျောင်းသားအဖြစ် အသိအမှတ်ပြု ခံထားရသူ ဒေါက်တာကျော်ကျော်သက်ကို ဖမ်းဆီးပြီး တစ်နှစ်ကျော်အကြာမှာ စစ်အုပ်စုက အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ် မနေ့က ချလိုက်ပါတယ်။

ဒေါက်တာကျော်ကျော်သက်ကို ပြီးခဲ့တဲ့ နှစ် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးပြီးနောက် အမှုဆင်ရာမှာ NUG နဲ့ပတ်သက်တာ ၊ အွန်လိုင်းကနေ ဆေးပညာ သင်ကြားတာတွေကို အကြောင်းပြကာ ဆူပူအောင်လှုံဆော်မှုပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

နေအိမ်ကိုဝင်ရောက်ပြီး ဖမ်းဆီးချိန်ကလည်း စစ်ကောင်စီတပ်ဟာ သေနတ်ပစ်ဖောက်ပြီး ရိုက်နှက်ဖမ်းဆီးတာမျိုးလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“သူက ကျွန်တော့ရဲ့ စီနီယာဗျ ၊ ကျောင်းမှာ အထူးချွန်ဆုံးကျောင်းသားဆိုပြီး လေးစားအားကျရတဲ့သူပါ၊မနက်စောမှာ သူ့သတင်းတွေ့လိုက်ရတော့ အတော်လေးစိတ်မကောင်းဖြစ်မိတယ်ဗျာ”လို့ စစ်ကောင်စီက ဒေါက်တာကျော်ကျော်သက်ကိုထောင်ချလိုက်တဲ့သတင်းနဲ့ပတ်သက်ပြီး CDMပြုလုပ်ထားတဲ့ ဆရာဝန်တစ်ဦးကပြောပါတယ်။

Public Service Announcement
Public Service Announcement

စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ကို ပြီးခဲ့တဲ့မေလအတွင်းက စစ်အုပ်စုက ချထားပြီးဖြစ်ပါတယ်။

ဒါကြောင့် ဒေါက်တာကျော်ကျော်သက်ကို စစ်အုပ်စုဟာ ထောင်ဒဏ် စုစုပေါင်း ၁၀ နှစ်ထိ ချထားတာဖြစ်ပါတယ်။

အသက် ၂၈နှစ်အရွယ်ရှိ ဒေါက်တာကျော်ကျော်သက်ဟာ မန္တလေးဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရရှိပြီး စစ်တပ်ကမဖမ်းစီးခင်အချိန်ထိ ပရဟိတဆေးခန်းများနဲ့ လူမှုရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

စစ်အုပ်စုဟာ CDMလှုပ်ရှားမှုအားကောင်းခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အငြိုးထားဖမ်းဆီးခဲ့ပြီး မတရားပုဒ်တွေနဲ့ တရားစွဲဆိုထောင်ချနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။