Connect with us

Hi, what are you looking for?

သတင်း

ဆေးတက္ကသိုလ် ကျောင်းသား ခင်ဦးမြို့နယ်တိုက်ပွဲမှာကျဆုံး

တိုက်ပွဲဖြစ်ပွားတဲ့ ခင်ဦးမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာလည်းဖြစ်ပါတယ်။

ဆေးတက္ကသိုလ် ကျောင်းသား ခင်ဦးမြို့နယ်တိုက်ပွဲမှာကျဆုံး
ဆေးတက္ကသိုလ် ကျောင်းသား ခင်ဦးမြို့နယ်တိုက်ပွဲမှာကျဆုံး

မကွေးဆေးတက္ကသိုလ် ကျောင်းသား ကိုစွမ်းထက် စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်ထဲက တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ကထုတ်ပြန်ပါတယ်။

မေလ ၂၂ ရက် ကျဆုံးချိန်မှာ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ကိုစွမ်းထက်ဟာမကွေးဆေးတက္ကသိုလ် ရဲ့ ဆေးပညာအခြေခံနှစ် (Foundation Year) မှ ကျောင်းသားဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

ကိုစွမ်းထက် ကျဆုံးခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး NUG ရဲ့ ထုတ်ပြန်ချက်မှာအသေးစိတ်ဖော်ပြတာမတွေ့ရပါဘူး။

နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားတယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားတဲ့ ခင်ဦးမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။