Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆေးတက္ကသိုလ် ကျောင်းသား ခင်ဦးမြို့နယ်တိုက်ပွဲမှာကျဆုံး

တိုက်ပွဲဖြစ်ပွားတဲ့ ခင်ဦးမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာလည်းဖြစ်ပါတယ်။

ဆေးတက္ကသိုလ် ကျောင်းသား ခင်ဦးမြို့နယ်တိုက်ပွဲမှာကျဆုံး
ဆေးတက္ကသိုလ် ကျောင်းသား ခင်ဦးမြို့နယ်တိုက်ပွဲမှာကျဆုံး

မကွေးဆေးတက္ကသိုလ် ကျောင်းသား ကိုစွမ်းထက် စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်ထဲက တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ကထုတ်ပြန်ပါတယ်။

မေလ ၂၂ ရက် ကျဆုံးချိန်မှာ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ကိုစွမ်းထက်ဟာမကွေးဆေးတက္ကသိုလ် ရဲ့ ဆေးပညာအခြေခံနှစ် (Foundation Year) မှ ကျောင်းသားဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

ကိုစွမ်းထက် ကျဆုံးခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး NUG ရဲ့ ထုတ်ပြန်ချက်မှာအသေးစိတ်ဖော်ပြတာမတွေ့ရပါဘူး။

နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားတယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ခင်ဦးမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာလည်းဖြစ်ပါတယ်။