Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စခန်း သိမ်းပိုက်တိုက်ခိုက်ရာတွင် ပါဝင်သည့် KNDOကို NUGက ဘတ်တစ်သန်း ပေးအပ်

“ အခုက စခန်းကို ရအောင်သိမ်းမယ်။ ဗိုလ်ချုပ်နယ်ဒါးမြလည်း ကျည်ဆံတွေဘာတွေ ထပ်ပို့ပေး တာပဲ။ သူကတော့ ရတဲ့ ပိုက်ဆံတွေက လက်နက်၊ ကျည်ဆံတွေ၊ ရိက္ခာတွေ သူကလည်း ကြိုးစားနေတာပဲ” ဟုလည်း ဗိုလ်စလုံးက ပြောသည်။

(KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား ​တွေ့ရစဥ်)
(KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား ​တွေ့ရစဥ်)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)ထံသို့ ဘတ်တစ်သန်း ထောက်ပံ့ပေးကြောင်း KNDOတပ်မှူးတစ်ဦးက အတည်ပြုသည်။

KNDO၏ တပ်ရင်းတစ်ခုသည် မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ အာဏာသိမ်းစစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ရာတွင် ပါဝင်နေပြီး တိုက်ပွဲပြင်းထန်နေချိန်တွင် NUGက ယခုကဲ့သို ထောက်ပံ့ငွေ ပေးအပ်လိုက်ခြင်းဖြစ်သည်။

KNDO ဗဟိုစစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြထံသို့ NUG အစိုးရမှ ပေးအပ်သော စစ်သုံးစရိတ် ထောက်ပံ့ငွေ ဘတ်တစ်သန်းကို ယနေ့ (ဇွန်လ ၂၈ရက်)တွင် လက်ခံရရှိကြောင်း KNDO ထောက်ပို့ တပ်ခွဲဗိုလ်ကေက အသိပေးသည်။

ပြည်သူ့အစိုးရမှ တစ်ဆင့် ပြည်သူ့ရဲဘော်များအတွက် ပေးပို့လာသော ထောက်ပံ့ငွေ အားလုံးကို ဗိုလ်ချုပ်နယ်ဒါးမြထံ လွှဲအပ်ပြီး ဖြစ်ကြောင်း၊ ပြည်သူ့အစိုးရနှင့် ပြည်သူများ ကူညီသော ငွေများကို KNDO အဖွဲ့အစည်း အနေဖြင့် အလေအလွင့်မရှိအောင် ထိရောက်စွာ အသုံး ပြုသွားမည်ဖြစ်ကြောင်း ဗိုလ်ကေ ၎င်း၏ Facebook တွင် ရေးသားဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လှူဒါန်းမှုနှင့်ပတ်သက်ပြီး KNDOအထူးကွန်မန်ဒိုတပ် ဆင်ဖြူတပ်ရင်းမှ တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်စလုံးအား ဆက်သွယ်မေးမြန်းရာ ဗိုလ်ချုပ်နယ်ဒါးမြထံ မေးမြန်းပေးမည်ဟု ပြောကြားကာ မေးမြန်းပေး သည်။

“ကျွန်တော်မေးလိုက်တယ် ဗိုလ်ချုပ်နယ်ဒါးမြကို။ သူ့ဆီကို ရောက်ပြီ သူ့ဆီကို အပ်ပြီတဲ့ဘတ်ငွေတစ်သန်း” ဟု ဗိုလ်စလုံးအား ထပ်မံဆက်သွယ်ရာတွင် ဖြေကြားသည်။

“ အခုက စခန်းကို ရအောင်သိမ်းမယ်။ ဗိုလ်ချုပ်နယ်ဒါးမြလည်း ကျည်ဆံတွေဘာတွေ ထပ်ပို့ပေး တာပဲ။ သူကတော့ ရတဲ့ ပိုက်ဆံတွေက လက်နက်၊ ကျည်ဆံတွေ၊ ရိက္ခာတွေ သူကလည်း ကြိုးစားနေတာပဲ” ဟုလည်း ဗိုလ်စလုံးက ပြောသည်။

အကယ်၍ ၎င်းတို့၏ ဆင်ဖြူတပ်ရင်း သို့ လှူဒါန်းလိုပါကလည်း တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ဗိုလ်စလုံးက အသိပေးသည်။

“လက်ရှိ အခြေအနေက ကျွန်တော်တို့ အဲဒီစခန်းကို ရအောင်သိမ်းမယ်”ဟု ဗိုလ်စလုံးက ဥကရစ်ထ တပ်စခန်းသိမ်း တိုက်ပွဲအခြေအနေမေးမြန်းမှုအပေါ် မှတ်ချက်ပြုသည်။

အဆိုပါ တပ်စခန်းကို ဇွန်လ ၂၆ရက်ကတည်းက တိုက်ခိုက်လျက်ရှိရာ ၃ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်အထိနာ၍ လေကြောင်း တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်တုံ့ပြန်ခဲ့သည်။ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိပြီး စစ်ကောင်စီတပ်က သေဆုံးမှု ပိုများကြောင်း KNU သတင်းရင်းမြစ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။