Connect with us

Hi, what are you looking for?

သတင်း

ဒေသခံ တစ်သောင်းကျော်ထွက်ပြေးနေရတဲ့ အခြေအနေနဲ့ လက်နက်ကြီးနဲ့ပစ်နေတဲ့ စစ်တပ်ကို ဒေသခံအဖွဲ့စည်းတွေက ရှုံ့ချ

လယ်ဒိုမြို့နယ် ကရင်အမျိုးသမီးအဖွဲ့အစည်းကလည်း စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး ဒေသတွင်းနဲ့ နေရာအနှံ့က အမျိုးသမီးထုတွေအနေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ဆောင်နေမှုအပေါ် တထောင့်တနေရာကနေ ၀ိုင်းဝန်ပါဝင်ဆန့်ကျင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတဲ့ ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းက ကျေးရွာတွေအခြေအနေနဲ့ပတ်သက်လို့ လယ်ဒိုမြို့နယ် ကရင်လူငယ်အစည်းအရုံးနဲ့ အမျိုးသမီးအစည်းအရုံးတို့က သဘောထားကြေငြာချက်ထုတ်ပြန်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်ကို ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေ လယ်ဒိုမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့လို့ ကျေးရွာ(၁၂)ရွာက ဒေသခံပြည်သူ(၁၀၅၂၆)ဦးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရပြီး အခြားကျေးရွာကပြည်သူတွေဟာလည်း စိုးရိမ်ထိတ်လန့်နေရတယ်လို့ လယ်ဒိုမြို့နယ်ကရင်လူငယ်အစည်းအရုံးရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

ပြည်သူလူထုရဲ့ လက်ရှိအခြေအနေဟာ လူမှုဒုက္ခအ၀၀ကို ရင်ဆိုင်နေရပြီး လူမှုဘ၀လုံခြုံမှုကင်းမဲ့ကာ စစ်ကောင်စီရဲ့လုပ်ရပ်ကိုရပ်တန့်နိုင်ဖို့နဲ့ ပြည်သူလူထုရဲ့လူမှုဘ၀လိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့ ဒေသတွင်းမှာ အခြားလူငယ်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်မှန်သမျှကို ရပ်တန့်ဖို့နဲ့ လူထုရဲ့လူမှုဘ၀လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒေသအသီးသီးက ကရင်လူထုအပါအဝင် အခြားလူငယ်ထုတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ပေးကြဖို့ လယ်ဒိုမြို့နယ် ကရင်လူငယ်အစည်းအရုံးက တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်သူလူထုကိုကာကွယ်ပေးဖို့ ကတိသစ္စာပြုထားတဲ့အပေါ် ကတိသစ္စာနဲ့ ဆန့်ကျင်တဲ့ အမိန့်ညွှန်ကြားချက်မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ဖို့ လယ်ဒိုမြို့နယ် ကရင်လူငယ်အစည်းအရုံးက တိုက်တွန်းထားပါသေးတယ်။

လယ်ဒိုမြို့နယ် ကရင်အမျိုးသမီးအဖွဲ့အစည်းကလည်း စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး ဒေသတွင်းနဲ့ နေရာအနှံ့က အမျိုးသမီးထုတွေအနေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ဆောင်နေမှုအပေါ် တထောင့်တနေရာကနေ ၀ိုင်းဝန်ပါဝင်ဆန့်ကျင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook