Connect with us

Hi, what are you looking for?

သတင်း

အတည်မပြုနိုင်သေးသည့် တိုက်ပွဲသတင်းများ ဖြန့်ဝေခြင်းမပြုရန် KNDO ဗဟို မေတ္တရာရပ်ခံ

KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မြ၀တီမြို့နယ် ဝေါ်လေဒေသ ရှိ စစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်း သိမ်းပိုက်နိုင်ရေး ဇွန်လ ၂၆ရက်မှစ၍ တိုက်ခိုက်နေခြင်းဖြစ်သည်။

KNDO
KNDO

လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲသတင်းများကို ထုတ်ပြန်ကြေညာမည်ဖြစ်၍ အတည်မပြုနိုင်သော သတင်းများအား ဖြန့်ဝေခြင်းမပြုခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)က ယနေ့ မေတ္တာရပ်ခံချက်ထုတ်ပြန်သည်။

KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မြ၀တီမြို့နယ် ဝေါ်လေဒေသ ရှိ စစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်း သိမ်းပိုက်နိုင်ရေး ဇွန်လ ၂၆ရက်မှစ၍ တိုက်ခိုက်နေခြင်းဖြစ်သည်။

ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီစခန်းကုန်းအချို့ကို သိမ်းပိုက်ထားနိုင်ပြီး ယနေ့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်။

လက်ရှိ မြေပြင်အခြေအနေနှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင် ပြန့်နှံ့နေသော ဓာတ်ပုံများနှင့် ဗီဒီယိုများအား KNDOအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိဖြစ်နေသည့် မြေပြင်တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး KNDO ဗဟိုမှ ထုတ်ပြန်မည့်သတင်းမှာ အမှန်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ KNDO အနေဖြင့် တိုက်ပွဲဖြစ်ပွားချိန် ဇွန်လ ၂၆ရက်မှ ယနေ့အထိ တိုက်ပွဲအခြေအနေ တစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။