Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံမှ အရပ်ဝတ်အသွင်ယူထားသူ ရဲဒလန် ရှင်းလင်းပြီးနောက် ရန်ကုန် UG အဖွဲ့နှစ်ဖွဲ့ အရေးပေါ်ပြောင်းရွှေ့ရန် လိုအပ်နေ

ရန်ကုန် UG အဖွဲ့နှစ်ဖွဲ့ သွားရောက်သုတ်သင်ရှင်းလင်းခဲ့သော ဒလန်မင်းသူမှာ သုတ်သင်ရှင်းလင်းပြီးနောက်မှသာ အရပ်ဝတ်ဖြင့် အသွင်ယူထားသည့် စစ်ကောင်စီလက်အောင်ခံ ရဲတစ်ဦးဖြစ်နေကြောင်းကို သိခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

️▪️စစ်ဆင်ရေးတွင်ရခဲ့သော ဒဏ်ရာဖြင့် UGရဲဘော်တစ်ဦးကျဆုံး

ရန်ကုန်အခြေစိုက် UGအဖွဲ့နှစ်ဖွဲ့ဖြစ်သော Yangon Northokkalapa Revolution (ygnoprv)နှင့် Yangon People’s Defence Force(Bahan)တို့မှ အရေးပေါ်နေရာပြောင်းရွှေ့ရန် အကူအညီလိုအပ်နေကြောင်း ယနေ့(ဇွန် ၂၉) အသိပေးချက်ထုတ်ပြန်သည်။

ပြောင်းရွှေ့ရန်လိုအပ်လာခြင်းမှာ မင်္ဂလာဒုံမြို့ နယ်မှ အရပ်ဝတ်ဖြင့်အသွင်ယူထားသော စစ်ကောင်စီလက်အောက်ခံ ရဲဒလန် မင်းသူဆိုသူအား ရှင်းလင်းရေးလုပ်စဥ် ဒဏ်ရာရရှိခဲ့သော တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးသွား၍ဖြစ်ကြောင်း အသိပေးသည်။

မဂ်လာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနောက်ဘက်ရပ်ကွက်တွင်နေသူ ရဲဒလန်မင်းသူအား YGNOPRV နှင့် PDF Bahanတို့မှ ဇွန် ၂၇ ရက်တွင်သွားရောက်ရှင်းလင်းခဲ့ရာ မင်းသူ၏လူနှစ် နှစ်ဦးရောက်လာပြီး တစ်ဦးကဓားဖြင့်ပြန်ခုခံသဖြင့် ရဲဘော်တစ်ဦးဒဏ်ရာရခဲ့ခြင်း ဖြစ် သည်။

“မင်းသူကို တိုက်ခိုက်နေတဲ့အချိန် အနောက်က သူ့လူနှစ်ယောက်ရောက်ချလာပြီး အဲ့လူနှစ်ယောက်ထဲကတစ်ယောက်က ဓားနဲ့လက်ဦးမှုရသွားလို့ဒဏ်ရာရလာတာပါ။ အဲ့အချိန်မင်းသူလဲအသက်မရှိတော့ပါဘူး”ဟု PDF Bahan မှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ရေး Mission ပြီးသွားသည့်နောက်ဒဏ်ရာရရဲဘော်အပါအဝင် တော်လှန်ရေးရဲဘော်အားလုံး ယာယီခိုလှုံသည့်နေရာသို့ အရောက်ပြန်နိုင်ခဲ့သော်လည်း ဒဏ်ရာရရဲဘော်အား အချိန်မီဆေးကုသနိုင်ခြင်းမရှိသည့်အတွက် ထိုရဲဘော်မှာ ဓားဒဏ်ရာဖြင့် ယနေ့ကျဆုံးခဲ့ရကြောင်း အထက်ပါရဲဘော်က ဆက်ပြောသည်။

ထို့ကြောင့် UG အဖွဲ့များဖြစ်သော YGNOPRV နှင့် PDF Bahan တို့မှာ လက်ရှိခိုလှုံနေရာ၌ ဆက်နေရန် အဆင်မပြေတော့ဘဲ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ရန် ပြောင်းရွှေ့စရိတ် အရေးပေါ်လိုအပ်နေကြောင်း ၎င်းတို့က အသိပေးသည်။

“ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေအများကြီးမြင်တွေ့ရအုံးမှာပါ အရေးပေါ်ရွှေ့ပြောင်းမှုအောင်မြင်ခဲ့ရင်ပေါ့” ဟု PDF Bahan မှ ရဲဘော်တစ်ဦးက ဆိုသည်။

ရန်ကုန် UG အဖွဲ့နှစ်ဖွဲ့ သွားရောက်သုတ်သင်ရှင်းလင်းခဲ့သော ဒလန်မင်းသူမှာ သုတ်သင်ရှင်းလင်းပြီးနောက်မှသာ အရပ်ဝတ်ဖြင့် အသွင်ယူထားသည့် စစ်ကောင်စီလက်အောင်ခံ ရဲတစ်ဦးဖြစ်နေကြောင်းကို သိခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။