Connect with us

Hi, what are you looking for?

သတင်း

ထိုင်းလေပိုင်နက်ထဲ စစ်ကောင်စီတိုက်လေယာဉ်ဝင်ရောက်ပျံသန်းလို့ F 16 တိုက်လေယာဉ် ၂ စီးကိုနယ်စပ်မှာ ကင်းလှည့်ဖို့ ထိုင်းလေတပ်စေလွှတ်

စစ်ကောင်စီတိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီးနောက် ထိုင်းလေတပ်က F 16 အမျိုးအစားဂျက်တိုက်လေယာဉ် ၂ စီးကိုစေလွှတ်ကာ ကင်းထောက်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

Photo: Assawin Pinitwong
Photo: Assawin Pinitwong

စစ်ကောင်စီရဲ့တိုက်လေယာဉ် ဟာ ဒီနေ့မနက်ပိုင်းက ထိုင်းလေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့အတွက် ထိုင်းလေတပ် က F16 တိုက်လေယာဉ် ၂ စီးကို ကင်းလှည့်ဖို့နယ်စပ် ကိုစေလွှတ်ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

ကရင်ပြည်နယ် ၊မြဝတီမြို့ တောင်ဘက် ဝေါလေဒေသက စစ်ကောင်စီရဲ့ ဥကရိထ ခြေကုပ်စခန်း မကျ ဖို့အတွက် စစ်အုပ်စုဟာ တိုက်လေယာဉ်နဲ့တိုက်ခိုက်တာတွေကို အပြင်းအထန်လုပ်ဆောင်နေတာပါ။

Public Service Announcement
Public Service Announcement

ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ တက်ခရိုင် ၊ ဖော့ဖရာဒေသထဲကို ဝင်ရောက်ဖြတ်ပျံခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

ဒီလို ဝင်ရောက်ပျံသန်းမှုကြောင့် ထိုင်းဘက်ခြမ်းက ဒေသခံအချို့ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရသလို စာသင်းကျောင်းတစ်ကျောင်းလည်း ယာယီ အရေးပေါ်ပိတ်လိုက်ရတယ်လို့ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီးနောက် ထိုင်းလေတပ်က F 16 အမျိုးအစားဂျက်တိုက်လေယာဉ် ၂ စီးကိုစေလွှတ်ကာ ကင်းထောက်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းမှုနဲ့ပတ်သက်ပြီး ရန်ကုန်မှာ ရှိတဲ့ထိုင်းစစ်သံမှူးကို စစ်ကောင်စီနဲ့ဆက်သွယ်ဖို့ ထိုင်းအစိုးရဘက်ကညွှန်ကြားထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။