Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်​လေယာဥ် ထိုင်း​လေပိုင်နက်ကျူး​ကျော်ဝင်​ရောက်ခဲ့မှုထပ်မံမဖြစ်​စေရဟုဆိုပြီးစစ်​ကောင်စီ​လေတပ်ချုပ်​တောင်းပန်ဟု ဘန်​ကောက်ပိုစ်​ဖော်ပြ

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ၊ KNDO ပူးပေါင်းတပ်ဖွဲ့များ အကြား ဥကရစ်ထစခန်းအတွက် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည်။

စစ်​ကောင်စီ၏ MIG-29 တိုက်​လေယာဥ်သည်ထိုင်းနိုင်ငံ​လေပိုင်နက်အတွင်း ၄၊၅ ကီလိုမီတာဝင်​ရောက်ခဲ့ခြင်းဖြစ်သည်။ ဓါတ်ပုံ- Assawin Pinitwong
စစ်​ကောင်စီ၏ MIG-29 တိုက်​လေယာဥ်သည်ထိုင်းနိုင်ငံ​လေပိုင်နက်အတွင်း ၄၊၅ ကီလိုမီတာဝင်​ရောက်ခဲ့ခြင်းဖြစ်သည်။ ဓါတ်ပုံ- Assawin Pinitwong

ထိုင်းပိုင်နက်သို့ကျူးကျော်ဝင်ရောက်မှုအတွက် စစ်ကောင်စီလေတပ်ချုပ်က ထိုင်းလေတပ်ချုပ်ကို တောင်းပန်ခဲ့ရပြီး အလားတူဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်ရန် ပြောဆိုခဲ့ရသည်ဟု Bangkok Post သတင်းဌာနက ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူပရာယွက်ချန်အိုချာက စစ်ကောင်စီလေတပ်၏ ပိုင်နက်ကျူးကျော်မှုနှင့်ပတ်သက်၍ ၎င်း၏ လေတပ်ချုပ်နှင့် စကားပြောဆိုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ လေတပ်စစ်သံမှူးတို့မှတဆင့် ကန့်ကွက်ရန် ညွှန်ကြားခဲ့သည်ဟုဆိုသည်။

မြ၀တီခရိုင်ရှိ ဥကရစ်ထစခန်းတိုက်ပွဲတွင် စခန်းမကျဆုံး​စေရန် အထိနာ​နေ​သောစစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အင်အားများစွာသုံးတိုက်ခိုက်စဉ် ထိုင်း ပိုင်နက်သို့ စစ်​ကောင်စီ​၏ MIG -29 တိုက်​လေယာဥ်သည် ဇွန် ၃၀ နံနက်မြန်မာအချိန် ၁၀ နာရီ ၄၀ မိနစ်တွင်ထိုင်းနိုင်ငံပိုင်နက်အတွင် ၄၊၅ ကီလိုမီတာ​ရောက်သည်အထိ့ ကျူးကျော်ခဲ့ခြင်းဖြစ်သည်။

ထို့အတွက်လည်း ထိုင်းလေတပ်က F-16 တိုက်လေယာဉ်နှစ်စီးပျံတက်စေကာ ၎င်းတို့၏ ပိုင်နက်လုံခြုံရေးအတွက် ကင်းလှည့်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ၊ KNDO ပူးပေါင်းတပ်ဖွဲ့များ အကြား ဥကရစ်ထစခန်းအတွက် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည်။

ထိုင်းနယ်စပ်ရှိ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ထိုင်းဘက် ခြမ်းကျေးရွာ၌ ၎င်းနေထိုင်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲမှုများ အပြင်းအထန်ပြုလုပ်သည်မျိုး တစ်ကြိမ်မျှ မကြုံဖူးသေးကြောင်း ပြောသည်။

လက်နက်ကြီးကျမည်စိုး၍ ​ပုံးခို​နေကြ​​သော ထိုင်းနိုင်ငံနယ်စပ်​ကျောင်းတစ်​ကျောင်းမှ က​လေးငယ်များ။ ဓါတ်ပုံ-Assawin Pinitwong
လက်နက်ကြီးကျမည်စိုး၍ ​ပုံးခို​နေကြ​​သော ထိုင်းနိုင်ငံနယ်စပ်​ကျောင်းတစ်​ကျောင်းမှ က​လေးငယ်များ။ ဓါတ်ပုံ-Assawin Pinitwong

ယင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းပိုင်နက် ကျူးလွန်မှု၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ထိုင်းဘက်ခြမ်းရှိ ဒေသခံများစွာ စိုးရိမ်ထိတ်လန့်နေရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။