Connect with us

Hi, what are you looking for?

သတင်း

ရှေ့နေတွေကို ပစ်မှတ်ထားဖမ်းဆီးရာ မန္တလေးမှာ ဖမ်းဆီးခံရသူ ရှေ့နေ ၁၃ ဦးခန့်ရှိလာ

အိုးဘိုးထောင်တွင်းတရားရုံးကနေ အပြန်မှာ ရှေ့နေတွေကို ဖမ်းဆီးတာမျိုးတွေအပြင် စစ်အုပ်စုဟာ ဥပဒေအကျိုးဆောင် ရုံး ကိုလည်း ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးရှိပါသေးတယ်။

ရှေ့နေတွေကို ပစ်မှတ်ထားဖမ်းဆီးရာ မန္တလေးမှာ ဖမ်းဆီးခံရသူ ရှေ့နေ ၁၃ ဦးခန့်ရှိလာ
ရှေ့နေတွေကို ပစ်မှတ်ထားဖမ်းဆီးရာ မန္တလေးမှာ ဖမ်းဆီးခံရသူ ရှေ့နေ ၁၃ ဦးခန့်ရှိလာ

မန္တလေးမှာ စစ်အုပ်စုက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရှေ့နေ ၁၃ဦးခန့်ရှိနေတယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်လို့ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအများစုကို ပစ်မှတ်ထားဖမ်းဆီးနေတာပါ။

ဖမ်းဆီးခံထားရတဲ့ရှေ့နေ ၁၃ဦးခန့်ရှိလာပြီလို့သိရပြီး ၁၀ဦးရဲ့ အမည်နဲ့ ဖမ်းခံရတဲ့နေ့ရက်တွေကိုသာ အတည်ပြုနိုင်ပါသေးတယ်။

နောက်ဆုံး ဖမ်းခံထားရတဲ့ နေ့ရက်ဟာ ဇွန်လ ၂၉ ရက်ဖြစ်ပြီး မန္တလေးအိုးဘိုထောင်ကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ဦးတင်ဝင်းအောင် ၊ ရှေ့နေ ဒေါ်သဲစုနိုင်၊ ရှေ့နေ ဦးသုတတို့ဖမ်းဆီးခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

အိုးဘိုထောင်ကနေ အမှုစစ်ပြီးအပြန် အဖမ်းခံရတဲ့ ရှေ့နေတွေထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ရွက်နုအောင်လည်းပါဝင်ပါတယ်။

ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဖမ်းဆီးပြီးတစ်လအကြာမှာ PDFကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ထောင်တသက်ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့တရားစွဲဆိုထားပါတယ်။

အိုးဘိုးထောင်တွင်းတရားရုံးကနေ အပြန်မှာ ရှေ့နေတွေကို ဖမ်းဆီးတာမျိုးတွေအပြင် စစ်အုပ်စုဟာ ဥပဒေအကျိုးဆောင် ရုံး ကိုလည်း ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးရှိပါသေးတယ်။

ပြီးခဲ့နှစ် ဒီဇင်ဘာလအတွင်း ရွှေအလင်းဥပဒေအကျိုးဆောင် ရုံးခန်းကို ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးလုပ်ခဲ့ပါတယ်။

ဒီလို ပစ်မှတ်ထားဖမ်းဆီးခံရတာမျိုးအပြင် ထောင်တွင်းတရားရုံး အမှုစစ်ဆေးချိန် ရှေ့နေတွေကို တရားခွင်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ခြိမ်းခြောက်တာမျိုး တွေလည်းရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။