စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ကင်းပုန်းဝပ်ပြီး ခြေကျင်ပြန်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း Chaung U Local Defence Force (CHU LDF)က ယနေ့(ဇူလိုင် ၄)ထုတ်ပြန် သည်။
ယနေ့နံနက် ၅ နာရီခွဲက ချောင်းဦးမြို့နယ် နတ်ရေကန်ရွာနှင့် ဂွေးပင်တောရွာကြားတစ်နေရာတွင် ကင်းပုန်ဝပ်ရာမှ ပြန်လာသော စစ်ကောင်စီတပ်သားများကို Chaung U Local Defence Force(CHU LDF)မှ မိုင်းစစ်သည်တော်များက ခြေသံလုံလုံဖြင့် အသင့်စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးနေရာတင်ပွဲချင်းပြီးသေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသော သတင်းရင်းမြစ်ကိုကိုးကားပြီး ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ Chaung U Local Defence Force (CHU LDF)ဆိုပြီး ဒီကနေ့အချိန်ထိ ရပ်တည်နေနိုင်တာဟာ ပြည်သူလူထုရဲ့ ဝန်းရံပံ့ပိုးပေးမှုကြောင့်ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ပံ့ပိုးမှုသာ မရှိရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေအားလုံး ရပ်နားထားရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ CHU LDF ကို ယုံယုံကြည်ကြည်နဲ့ ပံ့ပိုးပေးခဲ့ကြ၊ ပံ့ပိုးပေးနေကြဆဲ ပြည်သူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု CHU LDFမှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇူလိုင် ၃ ရက်)က CHU LDF မှ ထောင်ထားသောပွိုင့်နှစ်ခုမှ မိုင်းများအားရှာတွေ့သွားပြီး ဖော်ယူသွားကြောင်း အသိပေးထားသည်။
အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ Farmers Revolution Force (CHU)၊ Monywa Lightning PDF တို့မှ CHU LDF အား ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။


















































