Connect with us

Hi, what are you looking for?

သတင်း

ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်အလွန်များကြောင်းကော်ဘရာစစ်ကြောင်းသက်​သေနှင့်တစ်ကွပြသ

ကော်ဘရာ စစ်ကြောင်းမှူးက “အဲဒီအချိန်မှာ မင်းတပ်ရင်းမှူးကရော”ဟုမေးမြန်းရာ တပ်ကြပ်ကြီးက “သူကအရင်ဦးဆုံးပြေးသွားတာ။ သူပြေးသွားတော့ ကျွန်တော်တို့ လိုက်ပြေးတာ” ဟုဖြေကြားသည်။

(​ကော်ဘရာစစ်​ကြောင်းမှ ပြသခဲ့​သောရုပ်သံဖိုင်မှ စစ်သားရုပ်​အ​လောင်းများ)
(​ကော်ဘရာစစ်​ကြောင်းမှ ပြသခဲ့​သောရုပ်သံဖိုင်မှ စစ်သားရုပ်​အ​လောင်းများ)

စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အလွန်များပြားခဲ့ကြောင်းကို တိုက်ပွဲ၌ ပါဝင်ခဲ့သည့် ကရင်အမျိုးသာအစည်းအရုံး(KNU/KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များဖြင့် ဖွဲ့ထားသော ကော်ဘရာစစ်ကြောင်းမှူး နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်မှူးတို့က သက်သေများနှင့်အတူ ထုတ်ဖော်ပြသခဲ့သလို၊ယ​နေ့ကော်ဘရာစစ်​ကြောင်းကထုတ်ပြန်​သော စစ်သားရုပ်အ​လောင်းများရုပ်သံမှတ်တမ်းတွင်လည်း​တွေ့ရသည်။

ကရင်ပြည်နယ် ၊မြဝတီမြို့နယ်၊​​ဝေါ​လေရှိဥကရစ်ထတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ဇွန် ၃၀ ရက်ကတစ်နာရီပင်မတိုက်ရကြောင်း KNDOတပ်မှူး ဗိုလ်အယ်စေးဝါးက ဇွန်လ ၃၀ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ၊ ရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ပြသကာ ပြောကြားခဲ့သည်။

“မင်းအောင်လှိုင်က မင်းတို့ကို လာပြီးတော့ ငရဲမီးအိုးထဲမှာထည့်ပေးလိုက်သလိုပဲ” ဟု KNDO တပ်မှူး ဗိုလ်အယ်စေးဝါးကပြောဆိုခဲ့သည်။

စစ်ကူလာသည့် တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားရာ အနီးရှိ တံတားနှင့်လမ်းပေါ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ ကို ဗိုလ်အယ်စေးဝါးက ပြသခဲ့ပြီးစစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ကြီး လက်နက်ငယ်၊ ကျည်အများအပြား၊ ဗုံးသီးနှင့် ခဲယမ်းများ၊ ဒရုန်းပစ်လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာကိုလည်း ပြသခဲ့သည်။

Public Service Announcement

Public Service Announcement

(​ကော်ဘရာစစ်​ကြောင်းမှ ပြသခဲ့​သောရုပ်သံဖိုင်မှ စစ်သားရုပ်​အ​လောင်းများ)
(​ကော်ဘရာစစ်​ကြောင်းမှ ပြသခဲ့​သောရုပ်သံဖိုင်မှ စစ်သားရုပ်​အ​လောင်းများ)

အလားတူ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဖမ်းမိထားသည့် စစ်ကောင်စီတပ်ကြပ်ကြီး တစ်ဦးကို စစ်မေးနေသည့် ရုပ်သံဖိုင်တွင်လည်း ဇွန်လ ၂၆ရက်တွင် ဝေါ်လေဗျူဟာမှ ဥကရစ်ထသို့ လက်နက်ခဲယမ်း လာပို့သည့် အင်အား ၆၆ယောက်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ရာနေရာ၌ သေဆုံးသူ ၂၀ကျော်ရှိကြောင်းတပ်ကြပ်ကြီးကဝန်ခံထွက်ဆိုထားသည်။

တိုက်ပွဲ၌ သေဆုံးထိခိုက်များ၍ တပ်ရင်းမှူး ဖြစ်သူ ဗိုလ်မှူး နှင့် တပ်ခွဲမှူးဖြစ်သူ ဗိုလ်ကြီးတို့ အပါအဝင် စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ပြီး ဗိုလ်ကြီးတစ်ဦး သည်လည်း သေဆုံးသည့်အထဲ၌ ပါဝင်ခဲ့ကြောင်း အဆိုပါ တပ်ကြပ်ကြီးက ၎င်းတို့ စစ်ကြောင်း ပျက်သွားသည့် အခြေအနေကို ထွက်ဆိုခဲ့သည်။

“အကုန်လုံးပျက်သွားတယ် သေတဲ့သူကသေ။ ဖွဲ့စည်းပုံပျက်သွားတယ်။ ကျွန်တော်က ထွက်ပြေးလာတယ်” ဟုတပ်ကြပ်ကြီးက ပြောသည်။

ကော်ဘရာ စစ်ကြောင်းမှူးက “အဲဒီအချိန်မှာ မင်းတပ်ရင်းမှူးကရော”ဟုမေးမြန်းရာ တပ်ကြပ်ကြီးက “သူကအရင်ဦးဆုံးပြေးသွားတာ။ သူပြေးသွားတော့ ကျွန်တော်တို့ လိုက်ပြေးတာ” ဟုဖြေကြားသည်။

(​ကော်ဘရာစစ်​ကြောင်းမှ ပြသခဲ့​သောရုပ်သံဖိုင်မှ စစ်သားရုပ်​အ​လောင်းများ)
(​ကော်ဘရာစစ်​ကြောင်းမှ ပြသခဲ့​သောရုပ်သံဖိုင်မှ စစ်သားရုပ်​အ​လောင်းများ)

ဥကရစ်ထ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သော်လည်း စစ်ကောင်စီ ကမူ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုများပြီး ၎င်းတို့ အောင်မြင်မှု ရသယောင်လိမ်ညာဝါဒဖြန့်လျက်ရှိသည်။

ထိုသို့ ဝါဒဖြန့်နေခြင်းကြောင့် ကော်ဘရာစစ်ကြောင်းကစစ်ကောင်စီတပ်များ အစုလိုက် သေဆုံးနေသည့် မှတ်တမ်းရုပ်သံဖိုင်ကိုလည်းယနေ့​နေ့ခင်းပိုင်းတွင်ထုတ်ပြန်ပြသခဲ့သည်။

အဆိုပါရုပ်သံဖိူင်တွင် ဥကရစ်ထစခန်း အနီးရှိကတုတ်ကျင်းတွင်စစ်သားများအစုလိုက်အပြုံလိုက်​သေဆုံး​နေမှု ၊ ဘုရားတစ်ဆူအနီး စစ်သားများ​သေဆုံး​နေမှု ၊ ကားလမ်းမ​ပေါ်တွင်​သေဆုံး​နေမှု စသဖြင့် စစ်သားရုပ်အ​လောင်းများ ကို ဒရုန်းမှရိုက်ကူးထား​သောရုပ်သံဖိုင်တွင်​တွေ့ရသည်။ ​ပူး​ပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးဒဏ်ရာရမှုများရှိ​သော်လည်း အ​ရေအတွက်မများဘဲ စစ်​ကောင်စီတပ်​သေဆုံးမှုမှာ ၁၅၀ မှ ၂၀၀ အတွင်းရှိနိုင်​ကြောင်းရှေ့တန်းတွင်တိုက်ပွဲဝင်​နေ​သော တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်