Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေမှာ စစ်တပ်လက်ချက်နဲ့ တစ်လအတွင်း အရပ်သား ၁၂ ဦးသေဆုံး

ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ နယ်ခြားစောင့်တပ်(BGF)နဲ့ စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ထိတွေ့ပစ်ခတ်မှုနေ့စဥ် ဖြစ်ပွားခဲ့တာပါ။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကေအဲန်ယူ-ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇွန်လတစ်လတာအတွင်း အရပ်သားပြည်သူ(၁၂)ဦး သေဆုံးခဲ့ တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ သံဃာတော်တစ်ပါး ပါဝင်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ နယ်ခြားစောင့်တပ်(BGF)နဲ့ စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ထိတွေ့ပစ်ခတ်မှုနေ့စဥ် ဖြစ်ပွားခဲ့တာပါ။

ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲကို စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အားတိုးချဲ့မှုတွေပြုလုပ်လာတဲ့ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဟာ ပြည်သူလူထုကို ထိတ်လန့်ကြောက်ရွံ့အောင် အမျိုးမျိုးပြုလုပ်တဲ့အပြင် ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးတွေ့ နေ့စဉ်ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သံဃာတစ်ပါးအပါအဝင် ပြည်သူလူထု(၁၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဟာ ပြည်သူလူထုကို ဖမ်းဆီးရိုက်နှက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေ ပြုလုပ်တာသာမက ပြည်သူလူထုရဲ့ စည်းစိမ်ဥစ္စာပစ္စည်းတွေကို ခိုးယူတာ၊ မတရားသိမ်းယူတာ၊ အိမ်မွေးတိရိစ္ဆာနဲ့ ဆန် စတာတွေကို လုယက်ခိုးယူစားသုံး ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ကြတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ဇွန်လတလတာအတွင်း စစ်ကောင်စီတပ်နဲ့ BGF တပ်တွေက ကျေးရွာတွေနဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးပစ်ချခဲ့တာကြောင့် ပြည်သူလူထုရဲ့နေအိမ်(၇၅) လုံး၊ ဘုန်းကြီးကျောင်း(၂)ကျောင်းနဲ့ စာသင်ကျောင်း(၂) ထိမှန်ပျက်စီးခဲ့ရပြီး ပြည်သူလူထုနေအိမ်(၆၁)လုံးကို စစ်ကောင်စီနဲ့ BGF တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

လတ်တလောမှာ ကေအဲန်ယူ-ဒူးသထူခရိုင် တပ်မဟာ ၁၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ မူတြော်ခရိုင် တပ်မဟာ ၅နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ တွေမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုဦးရေဟာ တိုးများလာခဲ့ပြီး တိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေဟာ အခက်အခဲကြုံဆုံနေရကာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာအ​ရေးပေါ် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။