Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှပြည်သူများက​တော်လှန်​ရေးအတွက်​ရွှေထည်များကို PDF သို့လှူဒါန်း

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် အားကောင်းသည့်မြို့ဖြစ်ပြီး ဒေသခံများကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုနည်းမျိုးစုံ ကူညီပံ့ပိုး​ပေး​နေကြသည်။

(မြိုင်​ဒေသခံပြည်သူများက စစ်အာဏာရှင်​တော်လှန်​ရေးအတွက်လက်ဝတ်လက်စားများကိုလှူဒါန်း​နေမှု။ ဓါတ်ပုံ- ဂဠုန်​ပြောက်ကျားတပ်ဖွဲ့)
(မြိုင်​ဒေသခံပြည်သူများက စစ်အာဏာရှင်​တော်လှန်​ရေးအတွက်လက်ဝတ်လက်စားများကိုလှူဒါန်း​နေမှု။ ဓါတ်ပုံ- ဂဠုန်​ပြောက်ကျားတပ်ဖွဲ့)

စစ်အာဏာရှင်တော်လှန်ရေးအတွက်မြိုင်မြို့နယ် ဒေသခံပြည်သူများက သူတို့ပိုင်ဆိုင်သောရွှေထည်လက်ဝတ်လက်စားများကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံသို့လှူဒါန်း​နေကြသည်။

ဒေသခံပြည်သူများ လှူဒါန်းနေသည့် ရွှေထည်လက်ဝတ်လက်စားများနှင့် ဓာတ်ပုံမှတ်တမ်းများကို မြိုင်မြို့အခြေစိုက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်သောဂဠုန်ပြောက်ကျားတပ်ဖွဲ့မြိုင်က ယနေ့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ကျေးရွာတွေ စစ်ကြောင်းထိုး၊တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်မွှေ၊ ရွှေတိုငွေစမြင်ရင်ကလေးစုဘူးတောင်မချန်လိုချင်တာ အကုန်ယူ၊မလိုအပ်မှ မီးရှို့တဲ့အထဲPDF တွေမပါဘူး။ပြ​ည်သူချစ်လို့ လှူတာ၊ပြ​ည်သူစစ်လို့ကူတာဂုဏ်ယူစရာပါ” ဟုဂဠုန်ပြောက်ကျားတပ်ဖွဲ့_မြိုင်က ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် အားကောင်းသည့်မြို့ဖြစ်ပြီး ဒေသခံများကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုနည်းမျိုးစုံ ကူညီပံ့ပိုး​ပေး​နေကြသည်။

Public Service Announcement

Public Service Announcement

” မြိုင်ဟာ ဒီတော်လှန်ရေးမှာ သမိုင်းသစ်ရေးထိုးမယ့်ဒေသတွေထဲက တစ်ခုပဲ။ ကျွန်မတို့က PDF ရဲဘော်တွေနဲ့တစ်သားတည်းရပ်တည်တယ်။ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ နည်းမျိုးစုံတော်လှန်သွားမယ်”ဟု မြိုင်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

မြိုင်​​ဒေသမှပြည်သူများက စစ်​​​ကောင်စီဆန့်ကျင်​ရေးသပိတ်ပြုလုပ်ရင်း PDF အဖွဲ့များထံ၎င်းတို့၏ နားဆွဲ ၊နားကပ်၊လက်စပ်အပါအဝင် လက်ဝက်လက်စားများကို ယခင်ကလည်းလှူဒါန်းခဲ့ကြ​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။