Connect with us

Hi, what are you looking for?

သတင်း

ထောင်တွင်းတရားရုံးကနေအပြန် စောင့်ဖမ်းတာကြောင့် မန္တလေးမှာရှေ့နေတွေ ရုံးချိန်သွားဖို့အခက်တွေ့နေ

အိုးဘိုထောင် တရားခွင်ကနေ အပြန် မှာ ဖမ်းခံရသူတွေ ထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ပါဝင်သလို ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ရှေ့နေ ၃ ဦး ထောင်တွင်းတရားရုံးကအပြန် ဖမ်းခံလိုက်ရပါသေးတယ်။

စစ်ကောင်စီတပ်သားများ
စစ်ကောင်စီတပ်သားများ

မန္တလေးမှာ ရှေ့နေတွေကိုပစ်မှတ်ထားဖမ်းဆီးနေပြီး အိုးဘိုထောင်တွင်းတရားရုံးကနေအပြန်မှာစောင့်ဖမ်းတာတွေကြောင့် ရုံးချိန်းသွားဖို့အတွက် ရှေ့နေတွေအခက်တွေ့နေတယ်လို့သိရပါတယ်။

စစ်အုပ်စုဟာ နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းခံရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို မန္တလေးမှာ ဖမ်းဆီးတာတွေရှိခဲ့တာပါ။

အိုးဘိုထောင် တရားခွင်ကနေ အပြန် မှာ ဖမ်းခံရသူတွေ ထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ပါဝင်သလို ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ရှေ့နေ ၃ ဦး ထောင်တွင်းတရားရုံးကအပြန် ဖမ်းခံလိုက်ရပါသေးတယ်။

ဒီလို ပစ်မှတ်ထားဖမ်းဆီးမှုတွေကြောင့် ရှေ့နေအချို့ တိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် လတ်တလောအခြေအနေမှာ ထောင်တွင်းရုံးချိန်းကို မသွားရောက်နိုင်ဘဲ ခွင့်တိုင်တာမျိုးတွေရှိနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်းမှာတင် မန္တလေးမှာ ရှေ့နေ ၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းမိတဲ့သူတွေကို စစ်အုပ်စုဟာ PDF နဲ့ဆက်နွယ်တယ်ဆိုပြီး အကြမ်းဖက်ပုဒ်မနဲ့ အမှုတပ်တာတွေလည်းလုပ်ဆောင်နေတာပါ။

လက်ရှိအချိန်ထိ မန္တလေးမှာ ဖမ်းခံရတဲ့ရှေ့နေ ဦးရေဟာ ၁၅ ဦးခန့်ရှိနေပါပြီ။

စစ်ကောင်စီဟာ ဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးတရားစွဲဆိုရာမှာ အပြင်တရားရုံးကို မထုတ်ဘဲ ထောင်တွင်းမှာပဲ တရားရုံး လုပ်ကာ စစ်ဆေးအမိန့်ချနေတာပါ။

ရှေ့နေ အသိုင်းအဝိုင်းဆီက သိရတာကတော့ စစ်ကောင်စီရဲ့ထောင်တွင်းတရားရုံးတွေဟာ တရားစီရင်သယောင်ဟန်ပြသာဖြစ်ပြီး အမှုရင်ဆိုင်ရသူအားလုံးနီးပါး လွတ်မြောက်တာမရှိဘဲ စွဲဆိုခံရတဲ့ ပုဒ်မရဲ့အမြင့်ဆုံးပြစ်ဒဏ်ကိုချလေ့ရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။