Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းလေပိုင်နက် ကျူးကျော်မှုအတွက် စစ်ကောင်စီက တရားဝင်တောင်းပန်စာပို့ရမည်

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ MiG-29 တိုက်လေယာဉ် ကျူးကျော်မှုအပေါ် စိတ် မကောင်းဖြစ်မိပြီး မရည်ရွယ်ဘဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၎င်းတို့အနေဖြင့် တရားဝင်တောင်းပန်စာ ပေးပို့သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

(စစ်​ကောင်စီ၏ တိုက်​လေယာဥ်ထိုင်း​လေပိုင်နက်ကိုကျူး​ကျော်ပျံသန်း​နေစဥ်)
(စစ်​ကောင်စီ၏ တိုက်​လေယာဥ်ထိုင်း​လေပိုင်နက်ကိုကျူး​ကျော်ပျံသန်း​နေစဥ်)

ထိုင်းလေပိုင်နက်ကို မြန်မာစစ်တပ်က ကျူးကျော်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာက တရားဝင်တောင်းပန်စာပေးပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ယမန်နေ့တွင်ပြော ကြားသည်။

ထိုင်းအစိုးရအဖွဲ့၏ အပတ်စဉ်အစည်းအဝေးမစတင်မီတွင် အထက်ပါနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး Don Pramudwinai သည် ပြီးခဲ့သည့်ရက်ပိုင်းက ပုဂံမြို့၌ ကျင်းပခဲ့သော လန်ချန်း-မဲခေါင် အစည်း အဝေးကာလအတွင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် အဆိုပါထိုင်းလေပိုင်နက်ကို ကျူးကျော်ခဲ့ မှုအပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ MiG-29 တိုက်လေယာဉ် ကျူးကျော်မှုအပေါ် စိတ် မကောင်းဖြစ်မိပြီး မရည်ရွယ်ဘဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၎င်းတို့အနေဖြင့် တရားဝင်တောင်းပန်စာ ပေးပို့သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတိပေးခဲ့ပြီး စစ်ကောင်စီကလည်း ထပ်မံမဖြစ်ပွားရန် အာမခံခဲ့သည်ဟုဆိုသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပြီး ထိုစဉ်က ကျူးကျော်မှုနှင့်ပတ်သက်၍ ထိုင်းက အကြောင်းကြားခဲ့ရာ မြန်မာဘက်က ထိရောက်စွထိန်းသိမ်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Don က ပြောသည်။

မြန်မာစစ်ကောင်စီ၏ MIG-29 တိုက်လေယာဉ်သည် ဇွန် ၃၀ ရက်နံနက်ပိုင်က ဥကရစ်ထတိုက်ပွဲတွင် စခန်းမကျ​စေရန် ဗုံးကျဲတိုက်ခိုက်စဥ် ထိုင်းပိုင်နက်သို့ ၄ သို့မဟုတ် ၅ ကီလိုမီတာ ခန့် ကျူးကျော်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ထိုင်းဒေသခံများမှာ အထိတ်တလန့်ဖြစ်ခဲ့ကာ စာ သင်ကျောင်း ၂ ခုကိုလည်း အရေးပေါ်ပိတ်ခဲ့ရသည်။

စစ်ကောင်စီ၏ MIG-19 တိုက်လေယာဉ်သည် ၁၅ မိနစ်ခန့်ကြာ ထိုင်းပိုင်နက်သို့ ကျူးကျော်ဝင် ရောက်ခဲ့ပြီး နောက်မိနစ်ပိုင်းကြာတွင် အမေရိကန်ထုတ် ထိုင်းတိုက်လေယာဉ် F-16 နှစ်စီးပျံတက်လာချိန်တွင် MIG-19 သည် မြန်မာပိုက်နက်အတွင်းသို့ ပြန်လည်ရောက်ရှိနေပြီဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက “ဒါက ကြီးမားတဲ့ကိစ္စမဟုတ်ပါဘူး” ဟု တုံ့ပြန်ခဲ့​သော်လည်း ထိုင်းပြည်သူများ၊နိုင်ငံ​ရေးသမားများ၊တက်ကြွလှုပ်ရှားသူများက​ဝေဖန်လာပြီး​နောက် ထိုင်းအစိုးရက တရားဝင်​တောင်ပန်းစာပို့ရမည်ဟု ဖြစ်သွားခြင်းဖ့စ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကို ထိုင်းဘက်ခြမ်းကလည်း လက်နက်အပြည့်အစုံဖြင့် ၎င်းတို့ နယ်စပ်တလျှောက်တွင် ပုံမှန်ကင်းလှည့်မှုများ ဆောင်ရွက်ကာ လုံခြုံရေးတိုးမြှင့်ထားသည်။

ထိုင်း-မြန်မာနယ်စပ်ကော်မတီအကြားသဘောတူညီချက်အရ လက်နက်ကြီးကျည်များ ထိုင်း ဘက်ခြမ်းသို့ ကျရောက်ပါက ထိုင်းဘက်က သတိပေးသည့်မီးခိုးကျည်ပစ်ဖောက်မည်ဖြစ်ပြီး ထိုင်းပြည်သူများကို အန္တရာယ်ရှိသည့် ပစ်ခတ်မှုဆက်လက်ဖြစ်ပေါ်ပါက ထိုင်းဘက်က ကျည်အစစ်ဖြင့် ပြန်လည်ပစ်ခတ်မည်ဖြစ်ကြောင်း Don က ပြောသည်။

ဇူလိုင် ၄ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်က မြန်မာ – ထိုင်းနယ်စပ် KNU/KNLA တပ်မဟာ ၅ အတွင်းရှိသာAA တပ်စခန်းကို ဗုံးကြဲပြီးနောက် ထိုင်းနိုင်ငံ လေပိုင်နက်အတွင်း ဝင်ရောက်ပျံသန်းသွားသည်ဟု AA၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါဗုံးကျဲ တိုက်ခိုက်မှု​ကြောင့်AA တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့သည်။ ထိုင်းနိုင်ငံ​လေပိုင်နက်သို့ ​စစ်​ကောင်စီ​လေယာဥ် ​​ဝင်​ရောက်ပျံသန်းခဲ့သည်ဆို​သော်လည်း ထိုင်းအစိုးရက တုံ့ပြန်သည်ကိုမ​တွေ့ရ​သေး​ပေ။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။