Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်ပြည်သူ ၄၀၀ကျော်အတွက် လိုအပ်သောအကူအညီများပေးကြရန် လောင်းရှည်PDF မေတ္တာရပ်ခံ

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေရာထိုင်ခင်း၊ မိုးကာ၊​​ စောင်​၊ ခြင်​​ထောင်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆေးဝါးများကို အတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

ဓာတ်ပုံ - LSRPDF(YRPA)
ဓာတ်ပုံ - LSRPDF(YRPA)

စစ်ရှောင်ပြည်သူ ၄၀၀ ကျော်အတွက် လိုအပ်သောအကူအညီများပေးကြရန် လောင်းရှည် ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LSRPDF(YRPA)က ယနေ့(ဇူလိုင် ၁၂)တွင် မေတ္တာရပ်ခံပန်ကြားလိုက်သည်။

လက်ရှိတွင် LSRPDF(YRPA) ထိန်းချုပ်နယ်မြေအတွင်းမှ စိုက်ခင်းကျေး ရွာ၊ အိုင့်ကြီးကျေးရွာ၊ ဖလံမကျေးရွာ များမှ စစ်ဘေးရှောင်ပြည်သူ ၄၀၀ကျော်အား လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများကို LSRPDF (YRPA)မှ ကြိုးစားဆောင်ရွက်ပေးနေကြောင်း ဖော်ပြသည်။

“နောက်ထပ်လည်း စစ်ဘေးရှောင်တွေ တိုးလာဦးမယ်လို့သိရပြီး မိုးကာနဲ့ အစားအသောက်က အဓိကဖြစ်နေတယ်ခင်ဗျ”ဟု LSRPDF(YRPA) မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေရာထိုင်ခင်း၊ မိုးကာ၊​​ စောင်​၊ ခြင်​​ထောင်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆေးဝါးများကို အတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - LSRPDF(YRPA)
ဓာတ်ပုံ – LSRPDF(YRPA)

ပြီးခဲ့သည့်ရက်ပိုင်းများက ဆော-ဆိတ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာ ကွယ်ရေးတပ်များတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး လက်ရှိတွင် အင်အားထပ်မံဖြည့်တင်းနေသောကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ကြောင်း LSRPDF (YRPA)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook