Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အမျိုးသမီးရှေ့နေတစ်ဦး ထပ်မံအဖမ်းခံရ၊ ဖမ်းခံရတဲ့ရှေ့နေ ၁၈ ဦးခန့်ရှိလာ

မန္တလေးမှာ စစ်အုပ်စုဟာ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်ပါတယ်။

People's Spring
People's Spring

မန္တလေးမှာ အိုးဘိုထောင်ကနေ အမှုစစ်ပြီးပြန်လာတဲ့ ရှေ့နေအမျိုးသမီးတစ်ဦးမနေ့က ဇူလိုင်လ ၁၁ ရက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးရှေ့နေအသိုင်းအဝိုင်းဆီကနေသိရပါတယ်။

ဖမ်းဆီးခံရသူအမျိုးသမီးရဲ့ အမျိုးသားဟာလည်းရှေ့နေဖြစ်ပြီး ယောင်္ကျားဖြစ်သူကိုမတွေ့တဲ့အတွက် မိန်းမကို စစ်အုပ်စုက ဖမ်းဆီးတာလို့သတင်းထွက်နေပါတယ်။

“သူက ထောင်မှာအမှုသွားစစ်လိုက်တာ၊သူ့အမျိုးသားမတွေ့လို့ ဖမ်းသွားတယ်လို့ သိရတယ်” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဲဒီ ရှေ့နေအမျိုးသမီးဟာ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းခံရသူတွေဘက်ကလိုက်ပါဆောင်ရွက်ပေးနေသူလို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ စစ်အုပ်စုဟာ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်ပါတယ်။

စစ်ကောင်စီရဲ့ဖမ်းဆီးတာခံရတဲ့ ရှေ့နေအရေအတွက်ဟာ မန္တလေးမှာ ၁၈ ဦးခန့်ရှိလာပါပြီ။ ဖမ်းဆီးရာမှာ အမှုစစ်ရာကနေအပြန် စောင့်ဖမ်းတာ ၊ ရုံးခန်းကိုဝင်ရောက်စီးနင်းဖမ်းဆီးတာတွေလုပ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။