Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့တွင်စစ်တပ်ဂိတ်နှင့် ရဲစခန်းတို့၌ဗုံးကွဲ

ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် မြို့ခံလူငယ် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

မိုးမိတ်မြို့
မိုးမိတ်မြို့

မိုးမိတ်ခရိုင်အတွင်းစစ်ဆေးရေးအတင်းကျပ်ဆုံးဖြစ်သည့် စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်းယ​နေ့မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

မိုးမိတ်မြို့ဝင်ဂိတ်အနီး တည်ရှိသည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း-ခလရ ၂၂၃ ဂိတ်စခန်းနှင့် မိုးမိတ်မြို့မရဲစခန်းတွင်ယနေ့(ဇူလိုင် ၁၃ရက်)နေ့လယ် ၁ နာရီခန့်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“မြို့အဝင်အထွက် အစစ်ဆေးအကြမ်းဆုံးစစ်တပ်ဂိတ်မှာ ​ပေါက်ကွဲတယ်။ မြို့မရဲစခန်းလည်း ပေါက်ကွဲတယ်။ ထိခိုက်မှုရှိ၊မရှိတော့ ကျွန်တော်တို့ မသိရဘူး။ လူငယ်တွေ(PDF ရဲဘော်များ)လာလုပ်တာလို့တော့ထင်တယ်” ဟုမြို့ခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် မြို့ခံလူငယ် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်ခရိုင်ထွေအုပ်ရုံးတွင် ဇူလိုင် ၁၁ ရက်ကလည်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် တစ်ရက်သာခြားပြီး စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။မိုးမိတ်ခရိုင်ထွေအုပ်ရုံး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများကပြောသည်။

Non CDM ဝန်ထမ်းများအကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်မှ နှုတ်ထွက်၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန် မိုးမိတ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် PDF အမှတ်(၁ )စစ်​ဒေသ အမှတ် ၅၁၅ PDF တပ်ရင်းက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။