Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောတွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်အား တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၁၀ ဦးသေ

ယမန်နေ့(ဇူလိုင် ၁၃)နံနက် ၄ နာရီ ၄၀ ခန့်မှစတင်ပြီး ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော်နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ “နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ထိုစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဖော် ပြသည်။

(ဓါတ်ပုံ- ပု​လော PDF တပ်ဖွဲ့ဝင်အချို့)
(ဓါတ်ပုံ- ပု​လော PDF တပ်ဖွဲ့ဝင်အချို့)

တပ်ခွဲမှူးအပါအဝင် PDF ရဲဘော်သုံးဦးကျဆုံး

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နန်းထိုက်အောင်စစ် ဆင်ရေးအဖြစ် စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးသေ ဆုံးကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် မတော်က ယနေ့(ဇူလိုင် ၁၄)အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၃)နံနက် ၄ နာရီ ၄၀ ခန့်မှစတင်ပြီး ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော်နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ “နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ထိုစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဖော် ပြသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုမှာ တိုက်ပွဲစတင်ချိန်မှ နေ့လယ် ၁၂ နာရီခန့်အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးသေတုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ပုလောတပ်ခွဲမှူးအပါအဝင် သုံးဦးကျဆုံးကြောင်း အသိပေးသည်။ ကျဆုံးခဲ့​သောတပ်ဖွဲ့ဝင်နှစ်ဦးမှာ ရန်သူစနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်​ကြောင်း ပု​လောPDF တစ်ဦးက​ပြောသည်။

“ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ခွဲမှူး ရဲဘော် စော်ဘွားသည် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ရင်း နိုင်ငံ့တာဝန်ကို ကျေပွန်စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည် ကို များစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ တပ်ခွဲမှူးရဲဘော် စော်ဘွား၏ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများ ၊အနစ်နာခံခဲ့မှုများအပေါ် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အလွန်အမင်း လေးစာဂုဏ်ယူမိကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း မှတ်တမ်းတင်အပ်ပါသည်”ဟု ဝမ်းနည်းမှတ်တမ်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကျဆုံးရဲဘော် တပ်ခွဲမှူး စော်ဘွားနှင့်စပ်လျဥ်းပြီး ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင် တပ်ရင်း ၁)မှ ယနေ့(ဇူလိုင် ၁၄)တွင် အမိန့်ပြန်တမ်းထုတ်ပြန်သည်ကို တွေ့ရသည်။

စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ရေး၊ စားဝတ်နေရေးနှင့် အသက်အန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားကြရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။