Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်အား တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၁၀ ဦးသေ

ယမန်နေ့(ဇူလိုင် ၁၃)နံနက် ၄ နာရီ ၄၀ ခန့်မှစတင်ပြီး ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော်နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ “နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ထိုစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဖော် ပြသည်။

(ဓါတ်ပုံ- ပု​လော PDF တပ်ဖွဲ့ဝင်အချို့)
(ဓါတ်ပုံ- ပု​လော PDF တပ်ဖွဲ့ဝင်အချို့)

တပ်ခွဲမှူးအပါအဝင် PDF ရဲဘော်သုံးဦးကျဆုံး

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နန်းထိုက်အောင်စစ် ဆင်ရေးအဖြစ် စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးသေ ဆုံးကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် မတော်က ယနေ့(ဇူလိုင် ၁၄)အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၃)နံနက် ၄ နာရီ ၄၀ ခန့်မှစတင်ပြီး ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော်နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ “နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ထိုစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဖော် ပြသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုမှာ တိုက်ပွဲစတင်ချိန်မှ နေ့လယ် ၁၂ နာရီခန့်အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးသေတုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ပုလောတပ်ခွဲမှူးအပါအဝင် သုံးဦးကျဆုံးကြောင်း အသိပေးသည်။ ကျဆုံးခဲ့​သောတပ်ဖွဲ့ဝင်နှစ်ဦးမှာ ရန်သူစနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်​ကြောင်း ပု​လောPDF တစ်ဦးက​ပြောသည်။

“ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ခွဲမှူး ရဲဘော် စော်ဘွားသည် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ရင်း နိုင်ငံ့တာဝန်ကို ကျေပွန်စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည် ကို များစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ တပ်ခွဲမှူးရဲဘော် စော်ဘွား၏ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများ ၊အနစ်နာခံခဲ့မှုများအပေါ် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အလွန်အမင်း လေးစာဂုဏ်ယူမိကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း မှတ်တမ်းတင်အပ်ပါသည်”ဟု ဝမ်းနည်းမှတ်တမ်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကျဆုံးရဲဘော် တပ်ခွဲမှူး စော်ဘွားနှင့်စပ်လျဥ်းပြီး ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင် တပ်ရင်း ၁)မှ ယနေ့(ဇူလိုင် ၁၄)တွင် အမိန့်ပြန်တမ်းထုတ်ပြန်သည်ကို တွေ့ရသည်။

စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ရေး၊ စားဝတ်နေရေးနှင့် အသက်အန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားကြရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။