သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံထားရသည့် ဘားအံတက္ကသိုလ်ကျောင်းသား၉ဦး ရိုက်နှက်နှိပ်စက်ခံရပြီး တိုက်ပိတ်ခံထားရကြောင်း ဘားအံတက္ကသိုလ်ကျောင်း သားများသမဂ္ဂက ယနေ့(ဇူလိုင် ၁၄)အသိပေး ထုတ်ပြန် သည်။
ဖမ်းဆီးခံကျောင်းသားအချို့ကို သာယာဝတီထောင်အာဏာပိုင်များ မှ “မင်းတို့လားကွ၊ တော်လှန်ရေးသမားတွေ၊ အရေးတော် ပုံအောင်နေပြီလားကွ” စသဖြင့် အကျဥ်းသားတို့၏ နိုင်ငံရေးသံဓိဌာန်များကို စော်ကားပြောဆိုပြီးနောက် နေ့စဥ်ရက်စက် ရိုက်နှက်ကာ ယမန်နေ့(ဇူလိုင် ၁၃)မနက်မှစ၍ တိုက်ပိတ်ထားပြီး အစာရေစာဖြတ်တောက် နှိပ်စက်ထားကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။
ထောင်အာဏာပိုင်များ၏ နှိပ်စက်ခံနေရသော ဘားအံတက္ကသိုလ်မှ ကျောင်းသားကိုးဦးအား ထောင်ဒဏ် ၁၃ နဇစ်အထိ ပြစ်ဒဏ်ချမှတ်ထားပြီး ဘားအံအကျဥ်းထောင်မှတဆင့် ပဲခူးတိုင်း သာယာဝတီအကျဥ်းထောင်သို့ ရည် ရွယ်ချက်ရှိရှိ ပြောင်းရွှေ့ခံရခြင်းဖြစ်ကြောင်း ဖော်ပြ သည်။
ပြီးခဲ့သည့် ဇွန်လ ၄ရက်ကလည်း ဘားအံတက္ကသိုလ်ကျောင်းသား မောင်ဥာဏ်ကိုဝင်းအား အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရစဥ် ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရဖူးသည်။

Public Service Announcement
