Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် ဘားအံတက္ကသိုလ်ကျောင်းသား၉ဦး ရိုက်နှက်နှိပ်စက်ခံရပြီး တိုက်ပိတ်ခံထားရ

ထောင်အာဏာပိုင်များ၏ နှိပ်စက်ခံနေရသော ဘားအံတက္ကသိုလ်မှ ကျောင်းသားကိုးဦးအား ထောင်ဒဏ် ၁၃ နဇစ်အထိ ပြစ်ဒဏ်ချမှတ်ထားပြီး ဘားအံအကျဥ်းထောင်မှတဆင့် ပဲခူးတိုင်း သာယာဝတီအကျဥ်းထောင်သို့ ရည် ရွယ်ချက်ရှိရှိ ပြောင်းရွှေ့ခံရခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် ဘားအံတက္က သိုလ်ကျောင်းသား၉ဦး
သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် ဘားအံတက္က သိုလ်ကျောင်းသား၉ဦး

သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံထားရသည့် ဘားအံတက္ကသိုလ်ကျောင်းသား၉ဦး ရိုက်နှက်နှိပ်စက်ခံရပြီး တိုက်ပိတ်ခံထားရကြောင်း ဘားအံတက္ကသိုလ်ကျောင်း သားများသမဂ္ဂက ယနေ့(ဇူလိုင် ၁၄)အသိပေး ထုတ်ပြန် သည်။

ဖမ်းဆီးခံကျောင်းသားအချို့ကို သာယာဝတီထောင်အာဏာပိုင်များ မှ “မင်းတို့လားကွ၊ တော်လှန်ရေးသမားတွေ၊ အရေးတော် ပုံအောင်နေပြီလားကွ” စသဖြင့် အကျဥ်းသားတို့၏ နိုင်ငံရေးသံဓိဌာန်များကို စော်ကားပြောဆိုပြီးနောက် နေ့စဥ်ရက်စက် ရိုက်နှက်ကာ ယမန်နေ့(ဇူလိုင် ၁၃)မနက်မှစ၍ တိုက်ပိတ်ထားပြီး အစာရေစာဖြတ်တောက် နှိပ်စက်ထားကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။

ထောင်အာဏာပိုင်များ၏ နှိပ်စက်ခံနေရသော ဘားအံတက္ကသိုလ်မှ ကျောင်းသားကိုးဦးအား ထောင်ဒဏ် ၁၃ နဇစ်အထိ ပြစ်ဒဏ်ချမှတ်ထားပြီး ဘားအံအကျဥ်းထောင်မှတဆင့် ပဲခူးတိုင်း သာယာဝတီအကျဥ်းထောင်သို့ ရည် ရွယ်ချက်ရှိရှိ ပြောင်းရွှေ့ခံရခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

ပြီးခဲ့သည့် ဇွန်လ ၄ရက်ကလည်း ဘားအံတက္ကသိုလ်ကျောင်းသား မောင်ဥာဏ်ကိုဝင်းအား အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရစဥ် ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရဖူးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

လွတ်ရက်စေ့နိုင်ကျဥ်း ၅ ဦးကိုလည်း အမှု​ဆင်ပြစ်ဒဏ်တိုးထား

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။