Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ KSO ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(Khin U Support Organization-KSO အဖွဲ့သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KSO)
(Khin U Support Organization-KSO အဖွဲ့သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KSO)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ယနေ့နံနက်ပိုင်းက နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ ရှစ်ဦးထက်မနည်းသေဆုံးပြီး အရာရှိ နှစ်ဦးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Khin U Support Organization-KSO အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၄ရက်)နံနက် ၄နာရီခန့်က ရေဦးမြို့ တိုင်းရင်းဆေးရုံမှ အကြမ်းဖက်စစ်ကောင်စီတပ်သည် ယာဥ် လေးစီး၊ ဆိုင်ကယ် ငါးစီးခန့်ဖြင့် မူးမြစ်ကူးတံတားအရှေ့ဘက် ခင်ဦး – ရေဦး လမ်းအတိုင်း မောင်းနှင်လာခဲ့သည်။

ခင်ဦးမြို့နယ် အင်းပတ်ကွေ့အရောက်တွင် ၁၀ဦးခန့် ချထားခဲ့ပြီး အနီးရှိ ရွာသစ်ကုန်းမှ ၂၀ခန့်ပူးပေါင်း၍ အင်းပတ်ကွေ့တွင် မိုင်းရှာဖွေခဲ့ရာ KSOအဖွဲ့ အဆင်သင့်ပြုလုပ်ထားသော မိုင်းလုံးရေ ၁၆လုံးတိတိ တူးဖော်ဖျက်ဆီးခဲ့သည်။

နံနက်၈နာရီချိန်ခန့် နောက်ဆုံး မိုင်း ၂လုံး ပွိုင့်နေရာအား မြေကြီးတူးဆွနေစဥ် KSOအဖွဲ့၊ မြို့နယ်(ပကဖ)နှင့် ဒေါင်းစစ်သည်LDFတို့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ရှစ်ဦးခန့် နေရာတွင်လဲကျသေဆုံး၍ ကျန်အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း KSO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အင်းပတ်ကွေ့စျေးဆိုင်တန်းအနီးတွင် KSOအဖွဲနှင့် မဟာမိတ်အဖွဲ့အဝင်များဖြစ်သော DUGF/Wolf/FAF/ Northern Tiger Groupတို့က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ချခဲ့၍ နောက်ထပ် အကြမ်းဖက်စစ်သား သုံးဦးခန့် အပြင်းအထန် ထိခိုက်သွားကြောင်း KSO အဖွဲ့က ဆိုသည်။

နံနက်၉နာရီခန့်၌ ခင်ဦးမှ ရေဦးမြို့သို့ပြန်လာခဲ့သော အင်အားအပြည့်ပါ စစ်ကောင်စီတပ်၏ ယာဥ်လေးစီးအား ခင်ဦး – ရေဦးကားလမ်း (မြင်းဒေါင်း-သရက်ပင်စု လမ်းပိုင်း) တစ်လျှောက် ပဒေသာမိုင်း ငါးလုံးတွဲ ၄ကြိမ်၊ စုစုပေါင်း မိုင်းအလုံးရေ ၂၀ခန့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အရာရှိ နှစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကာ သေဆုံးမှုများရှိခဲ့ကြောင်း KSO က အသိပေးသည်။

ယင်း ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်မှုအား မြို့နယ်(ပကဖ)နှင့် KSOအပါအဝင် LDFအဖွဲ့ပေါင်း ၁၄ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ KSO ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ