Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ညပိုင်းပေါက်ကွဲမှုတွေဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုအချို့ရှိခဲ့

ဒါအပြင် ည ၈ နာရီလောက်မှာလည်း မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်း ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

မန္တလေးမှာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းက ပေါက်ကွဲမှုဖြစ်ခဲ့စဉ်
မန္တလေးမှာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းက ပေါက်ကွဲမှုဖြစ်ခဲ့စဉ်

ဒီနေ့ ညပိုင်း မန္တလေးမှာ အိန္ဒိယကောင်စစ်ဝန်းရုံးနားက စစ်ကောင်စီလုံခြုံရေးဂိတ်အပါအဝင်နေရာအချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ချမ်းမြသာစည်မြို့နယ် ၁၀၂ လမ်းနဲ့ ၆၅ လမ်းမှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံး နားက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးဂိတ်ဟာ ညပိုင်း ၈ နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

အဲဒီပေါက်ကွဲမှုမတိုင်ခင် ည ၇ နာရီခွဲခန့်ကအောင်မြေသာစံမြို့နယ် တရားရုံး ဗုံးပစ်ခံရပြီး တရားရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့သိရပါတယ်။

ဒါအပြင် ည ၈ နာရီလောက်မှာလည်း မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်း ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။