Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝ စစ်ရှောင်တစ်ဦး ဟင်းစားရှာစဉ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ဖြတ်ရပြီး မျက်နှာအပါအဝင် ထိခိုက်ဒဏ်ရာအများအပြားရ၊ အကူအညီလိုအပ်နေ

ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးသည် ကလေး ၅ဦး၏ မိခင်ဖြစ်ပြီး၎င်း၏ အမျိုးသားမှာ မရှိတော့ကြောင်း၊ ဆေးဝါး ကုသရန် အကူအညီလိုအပ်နေ၍ ကူညီပေးလိုပါက ဖုန်း- 09420576056 သို့ ဆက်သွယ် နိုင်ကြောင်း ဒေသခံက ပြောကြားသည်။

ပလက်၀ စစ်ရှောင်တစ်ဦး ဟင်းစားရှာစဉ်မိုင်းနင်းမိ
ပလက်၀ စစ်ရှောင်တစ်ဦး ဟင်းစားရှာစဉ်မိုင်းနင်းမိ

ပလက်၀မြို့၌ လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက စစ်ရှောင်နေရသည့် စစ်ရှောင်အချို့ ဟင်းစားထွက်ရှာစဉ် မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး ခြေတစ်ဖတ်ဖြတ်ရကာ မျက်နှာအပါအဝင် ထိခိုက်ဒဏ်ရာများစွာရရှိခဲ့ပြီး ဆေးကုရန်အကူအညီလိုအပ်နေကြောင်း ပလက်၀ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ၂၀၂၀ အစောပိုင်းကတည်းက ချင်းပြည်နယ် ပလက်ဝမြို့‌၊ မြို့မရပ်ကွက် ဘောလုံးကွင်းစစ်‌ရှောင်စခန်း၌ တိမ်းရှောင်နေရသည့် စစ်ရှောင်များအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် မြို့အနီး ရုပ်ချောင်းထဲသို့ ဟင်းစားရှာထွက်ခဲ့ရာ ဇွန်လ ၂၀ရက်တွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

“ဘယ်အဖွဲ့ထောင်တယ်ဆိုတာတော့ ဘယ်သိမလဲ။ မြေဇာပင်ဖြစ်တာ တစ်ခုပဲ။ အဲဒီလူတွေက ၂၀၂၀ ဧပြီလောက်ကတည်းက သူတို့က ပလက်၀မြို့မှာ စစ်ဘေးရှောင်လာတဲ့ အဖွဲ့တွေ။ အခုထက်ထိ နေရပ်ကို မပြန်ရသေးဘဲနဲ့ စစ်ဘေးရှာင်စခန်းကနေ မြို့နဲ့နီးတဲ့ ရုပ်ချောင်းထဲ ဟင်းသွားရှာတာ အသွားလမ်းပေါ်မှာပဲ ဖြစ်သွားတာ။နဂိုရ်ကတည်းက မိမိနေရပ်ကို မပြန်နိုင်ရတဲ့အထဲ အခုလို ဖြစ်သွားတော့ စိတ်မကောင်းဘူးပေါ့”ဟု ပလက်၀ ဒေသခံက ပြောသည်။

ဟင်းရှာသွားသည့် သုံးဦးအနက် အမျိုးသမီးတစ်ဦးသာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သုံးယောက်သွားတာ လင်မယားနှစ်ယောက်ပါတယ် အခုထိတဲ့အမျိုးသမီးတစ်ယောက်ပါတယ်။

ဇွန်လ ၂၀ရက်ကနေ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းကနေ ထွက်သွားတာ။

အမျိုးသမီးနှစ်ဦးက ထိတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ဖြစ်သွားတာက အခုဓာတ်ပုံထဲက အမျိုးသမီးက ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ဟိုအမျိုးသမီးတစ်ယောက်ကတော့ ကုသမှု ခံယူလောက်တဲ့အထိ ထိတာမဟုတ်ဘူး။ လက်မှာ ထိရုံလောက်ပဲ။ ဆေးရုံဘာညာတက်တာ မရှိဘူး”ဟု ဒေသခံက ပြောသည်။

မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး မိုင်းဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို ရခိုင်ပြည်နယ် စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူလျက်ရှိရာ အကူအညီလိုအပ်နေသည်ဟု ဆိုသည်။

ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးသည် ကလေး ၅ဦး၏ မိခင်ဖြစ်ပြီး၎င်း၏ အမျိုးသားမှာ မရှိတော့ကြောင်း၊ ဆေးဝါး ကုသရန် အကူအညီလိုအပ်နေ၍ ကူညီပေးလိုပါက ဖုန်း- 09420576056 သို့ ဆက်သွယ် နိုင်ကြောင်း ဒေသခံက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။