Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့တွင် စစ်ကောင်စီစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ဦးထက်မနည်း သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ပြော

ထီရိစခန်း သိမ်းပိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အပါအဝင် တပ်သား ၁၅ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးနှင့် PNO တပ်သား သုံးဦး လက်နက်ချဖမ်းမိခဲ့သည်။

ဖယ်ခုံမြို့တွင် စစ်ကောင်စီစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ဦးထက်မနည်း သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ပြော
ဖယ်ခုံမြို့တွင် စစ်ကောင်စီစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ဦးထက်မနည်း သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ပြော

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့တွင် စစ်ကောင်စီစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ဦးထက်မနည်းသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး အဖွဲ့က ယနေ့(ဇူလိုင် ၁၅ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယမန်နေ့(ဇူလိုင် ၁၄ ရက်)က ပိန္နဲကုန်းနှင့်မခေခမ်းရွာတို့တွင်တွင် တပ်စွဲထားသော ရန်သူစစ်ကောင်စီစခန်းအား အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ ဖယ်ခုံ PDF တပ်ရင်း ( ၂ ) ၊ အင်းလေး PDF နှင့်နေပြည်တော် PDF ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပူးပေါင်းအဖွဲ့များမှ ရန်သူတို့၏ ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့် ရိက္ခာဂိုဒေါင် များကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား၁၁ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိသော်လည်း ပူးပေါင်း အဖွဲ့များမှ အထိ အခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇူလိုင် ၁၃ ရက်ကလည်း ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲနှင့် တောင်ပို့ကွဲရွာကြားရှိ စစ်ကောင်စီစခန်းကို ဖယ်ခုံ PDF တပ်ရင်း (၂)သည် ၁နာရီခန့်ကြာသွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သားငါးဦးသေဆုံးသည်ဟု အထက်ပါတပ်ဖွဲ့က ပြောသည်။

ယခုနှစ် မေ ၁၂ ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်တပ်စခန်းကို ကရင်နီ ပူးပေါင်းတပ်မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့ခဲ့သည်။

ထီရိစခန်း သိမ်းပိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အပါအဝင် တပ်သား ၁၅ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးနှင့် PNO တပ်သား သုံးဦး လက်နက်ချဖမ်းမိခဲ့သည်။

ဇွန်လ၁၃ ရက်ကစ၍ စစ်ကောင်စီတပ်က ခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများကို စစ်ကြောင်း ထိုးဝင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။