Connect with us

Hi, what are you looking for?

သတင်း

ကလေးနယ်တွင် စစ်ကော်စီနှင့် ပျူစောထီး ဖမ်းထားသည့် ပြည်သူ ၅၀ခန့်ကို PDFတပ်ဖွဲ့ ကယ်ထုတ်နိုင်ခဲ့ဟု NUG ကာကွယ်ရေးအသိပေး

စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

▪️စစ်ဆင်ရေးအတွင်း ပျူစောထီး ​ခြောက်ဦးသေ၊ ၁၉ဦးထွက်ပြေးသွားဟု ဖော်ပြ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာတွင် စကစတပ်သားနှင့်ပျူစောထီးများက ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကလေး) က ဝင်ရောက်ကယ်ဆယ်တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၅၀ဦးခန့်ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၄ရက်က ပြုလုပ်ခဲ့သည့် အဆိုပါစစ်ဆင်ရေးအတွင်း ပျူစောထီး ​ခြောက်ဦးသေဆုံးခဲ့ပြီး ၁၉ဦးထွက် ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်းမပြုကြရန် တားမြစ်ချက်ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လက်ရှိအချိန်တွင် စစ်ကောင်စီ၏ပြည်သူ့လုံခြုံရေးအဖွဲ့များတွင်ပါဝင်ရန် နည်းလမ်းအမျိုးမျိုးဖြင့်ဖိအားပေး လုပ်ကိုင်ဆောင်ရွက်နေရသည့် အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များအနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများကို အမြန်ဆုံးစွန့်ခွါပြီး ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့များထံ အမြန်ဆုံး သတင်းပေးပို့၍ လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက်ကြရန်ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ