Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးနယ်တွင် စစ်ကော်စီနှင့် ပျူစောထီး ဖမ်းထားသည့် ပြည်သူ ၅၀ခန့်ကို PDFတပ်ဖွဲ့ ကယ်ထုတ်နိုင်ခဲ့ဟု NUG ကာကွယ်ရေးအသိပေး

စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

▪️စစ်ဆင်ရေးအတွင်း ပျူစောထီး ​ခြောက်ဦးသေ၊ ၁၉ဦးထွက်ပြေးသွားဟု ဖော်ပြ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာတွင် စကစတပ်သားနှင့်ပျူစောထီးများက ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကလေး) က ဝင်ရောက်ကယ်ဆယ်တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၅၀ဦးခန့်ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၄ရက်က ပြုလုပ်ခဲ့သည့် အဆိုပါစစ်ဆင်ရေးအတွင်း ပျူစောထီး ​ခြောက်ဦးသေဆုံးခဲ့ပြီး ၁၉ဦးထွက် ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်းမပြုကြရန် တားမြစ်ချက်ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လက်ရှိအချိန်တွင် စစ်ကောင်စီ၏ပြည်သူ့လုံခြုံရေးအဖွဲ့များတွင်ပါဝင်ရန် နည်းလမ်းအမျိုးမျိုးဖြင့်ဖိအားပေး လုပ်ကိုင်ဆောင်ရွက်နေရသည့် အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များအနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများကို အမြန်ဆုံးစွန့်ခွါပြီး ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့များထံ အမြန်ဆုံး သတင်းပေးပို့၍ လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက်ကြရန်ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။