Connect with us

Hi, what are you looking for?

သတင်း

မြစ်ငယ် မီးရထားစက်ရုံ လုံခြုံရေး ဈေးဝယ်ချိန် ပစ်ခတ်ခံရလို့သေဆုံး

ဒီနေ့မနက်ပိုင်း ၇ နာရီလောက်မှာဆိုင်ကယ်နဲ့ ဈေးထွက်ဝယ်ချိန် မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာလို့ ဒေသခံအချို့ကပြောပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်း၊ မြစ်ငယ်မြို့မှာ မီးရထားစက်ရုံ ရဲ့လုံခြုံရေးအစောင့် ဈေးကိုသွားချိန် ဆိုင်ကယ်စီးအမျိုးသားက သေနတ်နဲ့ပစ်ခတ်လို့သေဆုံးသွားတယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်း ၇ နာရီလောက်မှာဆိုင်ကယ်နဲ့ ဈေးထွက်ဝယ်ချိန် မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာလို့ ဒေသခံအချို့ကပြောပါတယ်။

ပစ်ခတ်ခံရပြီးဆိုင်ကယ်လဲကျသွားကာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။

မြစ်ငယ်မြို့ဟာ မြစ်ငယ်မြစ်နဲ့ရထားလမ်းဆုံတဲ့နေရာမှာရှိပြီး မန္တလေးမြို့ကနေ ၉ မိုင်ခန့်ကွာဝေးပါတယ် ။ အရေးပါတဲ့မြို့ဖြစ်ပြီး မီးရထားအလုပ်ရုံတွေတည်ရှိတာကြောင့် မီးရထားဝန်ထမ်းအများစုနေထိုင်ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန် လှုပ်ရှားမှုကို မီးရထားဝန်ထမ်းတွေက ဆောင်ရွက်ရာမှာ စစ်အုပ်စုဟာ ဝန်ထမ်းလိုင်းခန်းတွေကဖယ်ခိုင်းတာ ၊ နေထိုင်တဲ့ရပ်ကွက်တွေကိုဖယ်ရှားပစ်တာတွေ ရည်ရွက်ရှိရှိလုပ်ခဲ့ပါတယ်။

ဒီနေ့ပစ်ခတ်ခံရတဲ့ ဝန်ထမ်းအမျိုးသားဟာ စစ်ကောင်စီသတင်းပေးတစ်ဦးလို့ သတင်းထွက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။