Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီဗိုလ်မှူးတစ်ဦးကိုမတူပီPDF သုတ်သင်ရှင်းလင်း

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။

(မတူပီ CDF တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေမှု ။ ဓါတ်ပုံ-CDF-မတူပီ)
(မတူပီ CDF တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေမှု ။ ဓါတ်ပုံ-CDF-မတူပီ)

●ဗိုလ်မှူးသန်းနိုင်ဝင်းသည်ဗျူဟာမှူး၏လူယုံဖြစ်ပြီး မတူပီရှိစစ်​ကောင်စီတပ်အတွက်အ​ရေးပါသူဖြစ်

မတူပီအခြေစိုက်စစ်ကောင်စီတပ်ခြေလျင်တပ်ရင်း( ၁၄၀) မှဗိုလ်မှူးသန်းနိုင်ဝင်းကို သုတ်သင်ရှင်းလင်းလိုက်​ကြောင်းချင်း​ဒေသကာကွယ်​ရေးတပ်မတူပီ(CDF-မတူပီ)က သတင်းထုတ်ပြန်သည်။

ဗိုလ်မှူး သန်းနိုင်ဝင်းကို ယမန်နေ့(ဇူလိုင်လ ၁၅ ရက်)က သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

“သူ့(ဗိုလ်မှူးသန်းနိုင်ဝင်း)ကို ကျွန်တော်တို့ စောင့်ကြည့်နေတာကြာပြီ။ သူက ဗျူဟာမှုးရဲ့ လူယုံလည်းဖြစ်တယ်။ မနေ့ကတော့ မြို့ပြင်ကို မျှားခေါ်ပြီး ရှင်းလင်းလိုက်တာပါခင်ဗျ”ဟု ဟုChanland Defense Force Matupi သတင်းပြန်ကြားရေးတာဝန်ခံက People’s Spring သို့ပြောသည်။

ဗိုလ်မှူး သန်းနိုင်ဝင်းသည် စစ်ဗျူဟာထောက်လှမ်းရေး တစ်ဦးဖြစ်ပြီးတပ်တွင်းCDM ပြုလုပ်လိုသူများ၊ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့်ထောက်လှမ်းနေသူဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၎င်း၏ သတင်းပေးပို့မှုကြောင့် CDM လုပ်ရန် ပြင်ဆင်နေသူ စစ်သား(၇) ဦးသတ်ဖြတ်ခံခဲ့ရပြီး (၄) ဦးထောင်ချခံထားရသည်ဟုသိရသည်။ထိုအပြင်မတူပီမြို့နေအမျိုးသမီးတစ်ဦးကိုလည်းဗိုလ်မှူးသန်းနိုင်ဝင်းကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်းလည်းအသိပေးထားသည်။

“သူက မတူပီအတွက်(မတူပီရှိစစ်​ကောင်စီတပ်အတွက်)အရေးကြီးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်၊ မနေ့က မြို့ပြင်ဘက်ကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲခေါ်ပြီး ရှင်းလိုက်တာပါ။”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးကပြောသည်။

ဗိုလ်မှုးသန်းနိုင်ဝင်းသည်မတူပီဗျုဟာမှူး၏ ကိုယ်ရံတော်နှင့် မတူပီမြို့ထောက်လှမ်ရေး တာဝန်ယူထားသူဖြစ်သည်ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးကပြောသည်။ ၎င်း၏ သတင်းထောက်လှမ်းမှုကြောင့် ကာကွယ်ရေးတပ်များအ​နှောက်အယှက်ဖြစ်ခဲ့သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်​ကြောင်းအထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook