Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာ​ဈေး တစ်​ဒေါ်လာ ၂၃၅၀ ကျပ်အထိတက်လာ

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၁စက်တင်ဘာ ၂၇ ရက်က တဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၁ ဇန်နဝါရီ၃၁ရက်တွင်တစ်ဒေါ်လာကို ၁၃၂၀ကျပ်သာရှိခဲ့သည်။

(ဒေါ်လာ​ဈေးတက်ခြင်းမှာ​​ငွေလဲလှယ်​ရေး​ဈေးကွက်တွင်ကျပ်​​ငွေတန်ဖိုးကျဆင်း​နေခြင်းဖြစ်သည်။ ဓါတ်ပုံ-EPA)
(ဒေါ်လာ​ဈေးတက်ခြင်းမှာ​​ငွေလဲလှယ်​ရေး​ဈေးကွက်တွင်ကျပ်​​ငွေတန်ဖိုးကျဆင်း​နေခြင်းဖြစ်သည်။ ဓါတ်ပုံ-EPA)

ပြည်တွင်း၌ဒေါ်လာဈေးဆက်တိုက်တက်​နေရာ ယ​နေ့(ဇူလိုင်၁၈) ​နေ့ခင်းပိုင်းတွင် တစ်ဒေါ်လာလျှင် ၂၃၅၀ ကျပ် အထိမြင့်တက်လာပြီး​​ဈေးကွက်တွင်ဒေါ်လာဝယ်ယူ၍ မရတော့ကြောင်း ငွေလဲကောင်တာပိုင်ရှင်များကပြောသည်။

ယမန့်နေ့ကတစ်ဒေါ်လာလျှင် ၂၂၆၀ကျပ် ဝန်းကျင်ပေါက်ဈေးရှိခဲ့သော်လည်း ယနေ့(ဇူလိုင် ၁၈ ရက်)တွင် ဈေးကွက်အတွင်း ဒေါ်လာရောင်းချသူမရှိဘဲ ဝယ်ယူသူများသာရှိနေပြီး​ဈေးဆက်တက်​နေ​ကြောင်း ငွေလဲကောင်တာပိုင်ရှင်များကပြောသည်။ စစ်​ကောင်စီက ၁ ​ဒေါ်လာလျှင် ၁၈၅၀ ဖြင့်​ဒေါ်လာများကိုဘဏ်နှင့်​ငွေလဲ​ကောင်တာများတွင်​ရောင်းချရန် ညွန်ကြားထား​သော်လည်း အဆိုပါနှုန်းနှင့်ပြင်ပ​ဈေးကွက်​ပေါက်​ဈေးမှာ များစွာကွာဟ​နေသဖြင့် စစ်​ကောင်စီသတ်မှတ်​သောနှုန်းဖြင့်အ​ရောင်းအဝယ်မလုပ်ကြ​ပေ။

“ဒီနေ့ မနက်က ၉နာရီခွဲလောက်က အဖွင့်ဈေး ၂၂၉၅ကျပ်ဘဲရှိတာ၊ အခုဈေးတက်တယ်။ ဒါတောင် ပစ္စည်း(ဒေါ်လာ) လိုချင်လို့ အဝယ်တင်ထားတာတွေ အများကြီးရှိတယ်ထိုင်စောင့်ခိုင်းထားရတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် မှောင်ခိုဈေးကွက်အတွင်း ဒေါ်လာလိုက်လံဝယ်ယူနေပြီး ရောင်းသူစိတ်ကြိုက်ဈေးရနေသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ဒေါ်လာဈေးကွက်မှာ ဝယ်လိုအားများနေပြီး လိုသလောက်လဲ ပစ္စည်းမရနိုင်တော့ပါ။ ဝယ်ရောင်းဈေး မတည်ငြိမ်ဖြစ်နေတယ်၊ အခုက ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတယ်။ ရှေ့ဆက်လည်း အတက်ဘက်ကိုပဲ ဦးတည်နေတယ်နေ”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကမှတ်ချက်ပြု
သည်။

စစ်ကောင်စီကဒေါ်လာစီးဆင်းမှုကိုထိန်းချုပ်​သော ကြေငြာချက် ၃ စောင်ထွက်လာပြီးနောက် ပြည်တွင်းဒေါ်လာဈေးမှတရှိန်ထိုးမြင့်တက်လာသည်။ဇူလိုင်လဆန်းတွင်တစ်ဒေါ်လာကို ၂၁၀၀ကျပ် ဝန်းကျင်သာရှိသော်လည်း ယနေ့တွင် တစ်ဒေါ်လာကို ၂၃၅၀ကျပ်မြင့်တက်လာပြီး နှစ်ပါတ်အတွင်း တစ်​ဒေါ်လာလျှင် ၂၅၀ ကျပ်တက်လာခြင်းဖြစ်သည်။

လက်ရှိဒေါ်လာဈေးမြင့်တက်ရခြင်းမှာမြန်မာနိုင်ငံတွင်ဇူလိုင်လမှ စက်တင်ဘာလ အထိ ဒေါ်လာလိုအပ်ချက် မြင့်တက်သည့်ကာလဖြစ်ခြင်းမှာလည်းအ​ကြောင်ူအရင်းတစ်ခုဖြစ်သည်ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ထိုအချိန်တွင် စစ်ကောင်စီက လက်တွေ့မကျသည့်ညွန်ကြားချက်များဖြင့် ကန့်သတ်လိုက်ခြင်းကြောင့် ကြောက်လန့်ပြီး ဒေါ်လာဝယ်ယူမှုများလာကာ ယခုကဲ့သို့ဒေါ်လာဈေး ပိုမိုမြင့်တက်လာရခြင်းဖြစ်သည်ဟု ၎င်းကသုံးသပ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၁စက်တင်ဘာ ၂၇ ရက်က တဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၁ ဇန်နဝါရီ၃၁ရက်တွင်တစ်ဒေါ်လာကို ၁၃၂၀ကျပ်သာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်စျေးအရ ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျင် ကျပ် ၅၅ သိန်း​ကျော်( ၅,၅၁၄,၅၃၇ ဖြစ်​သော်လည်းပြင်ပပေါက်စျေးကွက်တွင်ကျပ်၆၃သိန်းကျော်( ၆,၃၅၀,၀၀၀)​

သတင်း

စစ်ကောင်စီ​၏ လျှပ်စစ်ကားတင်သွင်းခွင့် မက်လုံးပေးမှုမှာ ယုတ်တိမဆန်ဘဲ သင်္ဘောသားများပင် ထိုကဲ့သို့သော လစာမရရှိဟု ဆိုသည်။

နိုင်ငံတကာ

ဆူဘီယန်တိုကတော့ အဲဒီ တိုက်လေယာဉ်တွေဟာ နောက်ထပ် ၁၅ နှစ်လောက် စစ်မှုထမ်းနိုင်ဆဲဖြစ်ပြီး အသစ်မှာယူမယ့် မျိုးဆက်သစ် တိုက်လေယာဉ်တွေ ရောက်ရှိမလာခင် ကြားကာလမှာ နိုင်ငံရဲ့ အချုပ်အခြာ လေပိုင်နက်ကို အကောင်းဆုံး ကာကွယ် စောင့်ရှောက်နိုင်မယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။

ဆောင်းပါး

ကုန်​ဈေးနှုန်းများတက်သည်မ​ပြောနှင့် သယ်ယူပို့​ဆောင်​ရေးအတွက် အခရာကြ​သော စက်သုံးဆီ​ဈေးမှာ အာဏာမသိမ်းခင်က တစ်လီတာ ၆၅၀ ကျပ်မှ ၇၀၀ ကျပ်အတွင်းရှိခဲ့ရာမှယခုအခါ တစ်လီတာ ကျပ် ၂၀၀၀ ​ကျော်အထိ့တက်ကုန်သည်။